News

POST TAGGED AS

ဘင်္ဂါလီ

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်နေသူများ လက်ခံရာတွင် တစ်ရက်လျှင် ဒုက္ခသည် ၁၅၀ ကို စိစစ် လက်ခံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
25-Oct-2017 tagged as ဘင်္ဂါလီ
မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်ဆလင် လူနည်းစုအပေါ် မြန်မာအစိုးရ၏ ကိုင်တွယ်ဆက်ဆံမှုနှင့်ပတ်သက်၍ တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း ပစ်မှတ်ထားသည့် ပိတ်ဆို့ အရေးယူမှု အပါအဝင် ဒဏ်ခတ်အရေးယူမှုသစ်များကို Global Magnitsky အက်ဥပဒေဖြင့် ပြဋ္ဌာန်း သွားရန် အမေရိကန်ပြည်ထောင်စုက စဉ်းစားသုံးသပ်လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုကြောင်း Reuters က ရေးသားဖော်ပြသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးရန် ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် ရခိုင်အရပ်ဘက်အဖွဲ့များသည် ယနေ့၌ ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့များထံမှ သိရသည်။
ထို့ထက် ပိုဆိုးနိုင်သည့် ခန့်မှန်းခြေ အခြေအနေ တစ်ရပ်မှာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများမဟုတ်သည့် အခြားသော မွတ်ဆလင် ၂ သန်းခန့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာဝင် အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံ ဗဟိုချက်မှ မြို့ကြီးများ ကို နိုင်ငံတကာမှ ဂျီဟတ်ဝါဒီအုပ်စုများ၊ အခြား အုပ်စုများက ပစ်မှတ်ထားလာနိုင်သည့် အခြေအနေ ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့ တောင်အုတ်ပုံ စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ ည ၇ နာရီက စပါးအိတ်များဖြင့်ညှပ်၍ သယ်ဆောင်လာသည့် ဘင်္ဂါလီ ၇ ဦးဖမ်းမိခဲ့ကြောင်း ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အခြားကဏ္ဍများဖြစ်သည့် နိုင်ငံ့စီးပွားရေးတိုးတက်ရေး၊ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေး၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်များ တိုးမြှင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး ကိစ္စများဘက်သို့လည်း မြားဦးမလှည့်နိုင်သည့် အနေအထားများ ဖြစ်ပေါ်စေခဲ့တော့သည်။
ရခိုင်ပြည်နယ်အတွင်း INGO, NGO များ ဝင်ရောက်ပြီး လုပ်ငန်းလုပ်ကိုင်ရန် ပြည်နယ် အစိုးရ၏ ပေါင်းစပ် ညှိနှိုင်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးကာ ခွင့်ပြုချက် ရယူပြီးမှသာ ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ရောက်ရှိသွားသော ဘင်္ဂါလီများ ပြန်လည် လက်ခံရေးကိစ္စရပ်များ ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလအတွင်း လာရောက်မည်ဖြစ်ကြောင်း အဆိုပါနိုင်ငံရှိ မီဒီယာများက ရေးသားထားသည်။
ရခိုင်ပြည်နယ်ရေးရာ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ဦးဆောင်တင်သွင်းခဲ့သည့် အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း မြန်မာနိုင်ငံ အစိုးရအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့က တိုက်တွန်းပြောကြားလိုက်သည်။
03-Oct-2017 tagged as တာမွေ ဘင်္ဂါလီ
တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ တာမွေအဝိုင်းထိပ်၊ လမ်းငါးခွဆုံ ခုံးတံတား မီးပွိုင့်တွင် အောက်တိုဘာလ ၂ ရက် ည ၈ နာရီခန့်က တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီအမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။