News

POST TAGGED AS

ဘင်္ဂါလီ

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတား စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့သော ဘင်္ဂါလီ ၇ ဦးကို ညောင်တုန်းတရားရုံးတွင် တရားစွဲဆိုထားကြောင်း ညောင်တုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် ကောက်ယူခဲ့သော လူဦးရေသန်းခေါင်စာရင်း အသီးသီးတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ စုဆိုသည်ကိုသာ တွေ့ရပြီး ရိုဟင်ဂျာလူမျိုး ဆိုသည်ကို မည်သည့် သန်းခေါင်စာရင်းမှာမှ မတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အတည်ပြု ပြောကြားသည်။
03-Feb-2018 tagged as ဘင်္ဂါလီ
ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာအနီး အမှတ် (၃) ရေမြောင်းကြီးထိပ် ပုသိမ်-ရန်ကုန်လမ်းမကြီးပေါ်၌ ရခိုင်ပြည်နယ်အတွင်းမှ တရားမဝင် ခေါ်ဆောင်လာသည့် ဘင်္ဂါလီလူမျိုး ၂၁ ဦးကို ဖေဖော်ဝါရီလ ၃ ရက်(ယနေ့) မွန်းလွဲ ၂ နာရီကျော်အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့ ဘူးသီးတောင်ဘက်မှာတော့ ပြဿနာ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူး။ ဒါပေမဲ့ ဒီဘက်က မွတ်ဆလင်တွေလည်း တောင်ကျော်ပြီး ရွာလုံးကျွတ် ထွက်ပြေးသွားတာရှိတယ်”ဟုဆိုသည်။
27-Jan-2018 tagged as ဘင်္ဂါလီ
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာတွင် ရိုဟင်ဂျာအရေး လှုပ်ရှားသူများက တိုင်းရင်းသားအဖြစ် တောင်းနေသည့် ဘင်္ဂါလီများ (ရိုတင်ဂျာများ)မှာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်းကို အင်္ဂလိပ်ဘာသာပြန်ဆိုထားသည့်သမိုင်းစာအုပ်ကို ထုတ်ဝေမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
...ကျွန်တော်က ဒီနိုင်ငံသား၊ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာပဲ သေမယ်။ ကျွန်တော့်လိုပဲ နောက်က ထိုင်နေကြသူတွေလည်း ဒီသဘောပဲ။ ကျွန်တော်တို့လိုချင်တာ တိုင်းရင်းသားအခွင့်အရေး မဟုတ်ဘူး။ နိုင်ငံသားအခွင့်အရေးပဲ။ ဒီနိုင်ငံမှာ မွေးတယ်။ ဒီနိုင်ငံရဲ့ကျေးဇူးကို သိရမယ်။ ကျွန်တော်တို့ကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်ပေးရင် ကျေနပ်တယ်”
... ရပ်ကွက်ကွင်းပြင်ထဲမှာ ဟိန္ဒူကလေးငယ်များ ဆော့ကစားနေကြသည်။ လာရာလမ်းတစ်လျှောက် ဒေသခံရွာသားတွေနှင့် ယခုမှပဲ တွေ့ဆုံစကားပြောခွင့်ရသည်။ ကြိမ်ချောင်းက ရခိုင်တိုင်းရင်းသားတွေရော၊ ဟိန္ဒူဘာသာဝင်တွေရော၊ မွတ်ဆလင် ဘင်္ဂါလီတွေပါ အတူတကွ နေထိုင်ခဲ့သော ရွာကြီးတစ်ရွာ ဖြစ်သည်။ ယခုတော့ မွတ်ဆလင်ဘာသာဝင် ဘင်္ဂါလီတွေ မရှိတော့ပါ။
22-Jan-2018 tagged as ဘင်္ဂါလီ
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့သော ဒုက္ခသည်များအား မြန်မာနိုင်ငံဘက်သို့ ပြန်ပို့မည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
... မြန်မာနိုင်ငံက အချက်အလက် ဓာတ်ပုံအထောက်အထား ခိုင်လုံစွာဖြင့် ပေးပို့ထားပြီးသားဖြစ်သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများကို စုံစမ်းထောက်လှမ်း ဖမ်းဆီးကာ ပြန်လည် လွှဲပြောင်းပေးရေးကိစ္စဖြစ်ရာ ထိုအရေးအတွက် အမှန်တကယ် လက်တွေ့မြေပြင်တွင် ဆောင်ရွက်ကြရာတွင် မည်သို့မည်ပုံ အခက်အခဲများ ကြုံလာနိုင်မည် ဆိုသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။
မောင်တောမြို့နယ် ကျီးကန်းပြင် တောင်ရွာအနီးတွင် စုဝေးနေထိုင်နေသော ဘင်္ဂါလီများအတွက် ပြည်ထောင်စုအစိုးရက စနစ်တကျ ရွာတည်ပေးမည့် အစီအစဉ်ကို ARSA အကြမ်းဖက်သမားများ၏ရန်ကို ကြောက်သဖြင့် ဘင်္ဂါလီများ လက်မခံကြောင်း ကျေးရွာတာဝန်ခံတစ်ဦးက ပြောကြားသည်။