News

POST TAGGED AS

ဘင်္ဂါလီ

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေမြို့တွင် ခိုးဝင်ဘင်္ဂါလီသတင်းရသဖြင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်က ရှာဖွေနေကြောင်း ငွေဆောင်နယ်မြေရဲစခန်းထံမှ သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီရွာဟောင်းနေရာများတွင် တပ်မတော်က စစ်အခြေစိုက်စခန်းများ ဆောက်လုပ်နေသည်ဆိုသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ စွပ်စွဲချက်မဟုတ်မှန်ကြောင်း အစိုးရက ငြင်းဆိုလိုက်သည်။
...“သူတို့ ဒီအတိုင်းဆို ပြန်လာမှာ မဟုတ်ဘူး”ဟု ဆိုသည်။ “အဲဒီတော့ သူတို့ ဘယ်လိုပြန်လာမလဲ”မေးကြည့်တော့ “အာရ်တူးပီ R2P ကို စောင့်နေတာ”ဟု ဖြေတာကြားခဲ့ရသည်။ R2P က နိုင်ငံတစ်ခုအတွက် အလွန်အန္တရာယ်ကြီးသော ပဋိပက္ခ ဖြေရှင်းနည်းတစ်ခုဖြစ်သည်။ ထိုစကားကြားတော့ ကိုယ်တိုင် အနည်းငယ် တုန်လှုပ်သွားသည်။
မြန်မာအစိုးရ၏ ကုလသမဂ္ဂ စိုးရိမ်မှုအပေါ် အလေးမထားခြင်းနှင့် မုန်တိုင်းအလွန်ကို စောင့်နေသည့် မဟာဗျူဟာတို့သည် ရခိုင်ပြည်နယ်မှ ရက်စက်သောဖြစ်ရပ်များ မီဒီယာတွင် ထွက်ပေါ်လာခြင်း၊ အနောက်နိုင်ငံများက ဖိအားပေးခြင်းတို့နှင့်အတူ ပြင်းပြင်းထန်ထန် စမ်းသပ်ခံရတော့မည်ဖြစ်သည်။ ထိုဖိအားပေးမှုသည် နိုင်ငံတကာနှင့် ဆက်ဆံရေးပျက်ပြားနေစဉ် လူသားချင်းစာနာကူညီမှုနှင့် ဖွံ့ဖြိုးရေးအထောက်အပံ့များ ပုံမှန်အတိုင်း ပြန်လည်ရရှိရေးကို အဟန့်အတားဖြစ်စေလိမ့်မည်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဘယ်လောက်ပင် နားလည်မှု သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါစေ မြေပြင်အခြေအနေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ကာလအတန်ကြာ ဝင်ရောက်နေထိုင်သူ ဘင်္ဂါလီတို့အကြား ပြေလည်အောင် ဖြေရှင်းမပေးနိုင်လျှင် ဒုက္ခသည်ပြဿနာက ဆက်လက်တည်ရှိနေဦးမည့် သဘောမှာရှိသည်။
ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေမည့် ကမန်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ၏ ခုံအမှတ်နှင့်နာမည်စာရင်း ထုတ်ပြန်ရာတွင် နာမည်၏နောက်၌ “ဘင်္ဂါလီ”ဟု အမည်တပ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ စာပေးပို့ထားကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်ထံမှ သိရှိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ လူမနေရ ကန့်သတ်ထားသည့် နယ်နိမိတ် (Zero Line)၌ ကြာမြင့်စွာ အခြေချနေထိုင်သူ ထောင်ချီသော ဘင်္ဂါလီများသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းမှစ၍ ၎င်းတို့နေအိမ်များ ဖျက်သိမ်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့နေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခကို အကြောင်းပြုပြီး လူနေထိုင်ခွင့်မရှိသည့် နှစ်နိုင်ငံ နယ်စပ် (မြန်မာနိုင်ငံနှင့် နီးသောနယ်မြေတွင်) ရောက်ရှိနေထိုင်နေသော ဘင်္ဂါလီ ၆၅၀၀ တွင် ARSA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အချို့၏ သားသမီးများ ပါဝင်နေသည်ဟု သတင်းရရှိထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ဤဒေသသည် ဆရာတော်ကြီး၏ ဇာတိနယ်မြေလည်းဖြစ်သည်။ ရခိုင်အရေးနှင့် ပတ်သက်လာလျှင် ဆရာတော်ကြီးက အလုံးစုံ သိနားလည်သည်။ ဤဒေသကို ဘင်္ဂါလီတွေ တဖြည်းဖြည်း လွှမ်းမိုးလာသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေ တဖြည်းဖြည်းနှင့် ဒေသကို စွန့်ခွာသွားနေသည့်ကိစ္စ၊ ဒေသ မဖွံ့မဖြိုး ခေတ်နောက်ကျ ကျန်နေသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေဘဝ မလုံမခြုံ ဖြစ်လာသည့်ကိစ္စ၊ ဆင်းရဲနွမ်းပါးမှု ကိစ္စအားလုံးကို ဆရာတော်ကြီး သိသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပျဉ်ဖြူမော်ကျေးရွာနှင့် အရှေ့ပိတ်ဆိပ် ရပ်ကွက်များတွင် နေထိုင်ခဲ့သည့် ဘင်္ဂါလီများက မူလနေရာတွင် ပြန်လည်နေထိုင်လိုကြောင်း အစိုးရထံတောင်းဆိုမှုကို ဒေသခံများကန့်ကွက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောကြားသည်။