News

POST TAGGED AS

ဘင်္ဂါလီ

လက်ရှိဖြစ်ပွားနေသော ဘင်္ဂါလီပြဿနာကြောင့် ကမ္ဘာ့ဘဏ်မှ မြန်မာအပေါ် ပေးနေသည့် အကူအညီများနှင့် နောက်ထပ်လာမည့် စီမံကိန်းများတွင်လည်း ငွေကြေး အကူအညီများကို ရပ်ဆိုင်းထားမည် ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ကိုကျော်စိုးလင်းက ဇူလိုင်လ ၃ ရက်က ပြောကြားသည်။
မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်က အရေးယူပိတ်ဆို့မှုများ ဖြစ်လာအောင် ဦးဆောင်ဆော်ဩခဲ့သူ ဆီးနိတ် ရီပတ်ဘလစ်ကန် ဝါရင့် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်သည် လူ့အခွင့်အရေးကိစ္စကြောင့် ကမ္ဘာ့မျက်နှာစာတွင် နာမည်ပျက်နေသောမြန်မာကို အရေးယူပိတ်ဆို့မည့်ကိစ္စအား လွှတ်တော်တွင် ကန့်ကွက်သဖြင့် ၎င်းကို ဝိုင်းဝန်းဝေဖန်မှုများရှိနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ အခြေအနေအရပ်ရပ်တို့သည် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဘင်္ဂါလီလူမျိုး ထောင်ပေါင်းများစွာကို ပြန်လည်လက်ခံရန် အဆင်သင့်မဖြစ်သေးဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ အကြီးအကဲဖြစ်သူ ပီတာမူရာက သုံးသပ်ပြောကြားလိုက်ကြောင်း The Guardian သတင်းစာက ရေးသားဖော်ပြသည်။
မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ဘင်္ဂါလီအရေး လျှို့ဝှက်သဘောတူညီချက်တွင် မြန်မာနိုင်ငံတွင်းသို့ ပြန်လာသော ဘင်္ဂါလီများအတွက် နိုင်ငံသားဖြစ်ခွင့် အာမခံချက်နှင့် နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်အတွက် ရှင်းလင်းသည့် အာမခံချက်များပေးမထားဟု Reuters သတင်းဌာနက ဖော်ပြသည်။
ရခိုင်ပြည်နယ်အတွင်း နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများ၌ ဘင်္ဂါလီများအပေါ် ကျူးလွန်မှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိကြီး ၈ ဦး၊ အရာရှိငယ် ၁ ဦးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အရာရှိ ၃ ဦးတို့ကိုအရေးယူရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဇွန်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
စစ်တွေတက္ကသိုလ်က မောင်တောခရိုင်အတွင်း နေထိုင်ကြသော ဘင်္ဂါလီလူမျိုးများ တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် အဝေးသင်ဌာန (ခွဲ) ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောသည်။
14-Jun-2018 tagged as ရခိုင် ဘင်္ဂါလီ
ရသေ့တောင်မြို့နယ် အောင်ဗလ ချောင်းဝအနီး ပင်လယ်ကမ်းခြေ၌တွေ့ ရှိသော လှေစီးဒုက္ခသည် ဘင်္ဂါလီလူမျိုး ၁၀၄ ဦးကို သက်ဆိုင်ရာက စိစစ်ရာ ဇွန်လ ၁၂ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ဦး ပါဝင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
12-Jun-2018 tagged as ဘင်္ဂါလီ စစ်တွေ
ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာအနီး ကမ်းခြေ၌ ဇွန်လ ၁၁ ရက် နံနက်ပိုင်းက လှေစီးလာသော ဘင်္ဂါလီလူမျိုး ၁၀၄ ဦးကို ဖမ်းမိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး ယာယီတဲထိုးနေထိုင်သော ဘင်္ဂါလီ ၃၀၀၀ ကျော်ကို နေထိုင်ခြင်းမလုပ်ရန် အသံချဲ့စက်ဖြင့် နေ့စဉ်ရက်ဆက် သတိပေးနေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲမှူးကြီးသိန်းဝင်းက The Voice Daily သို့ ပြောကြားသည်။
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမြန်ဆန်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ဖို့ဆိုရင် နိုင်ငံရဲ့အင်စတီကျူးရှင်းတွေ ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း ရပ်တည်လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အထက်အမိန့်ရမှလုပ်ဆောင်တာ၊ မီဒီယာမှာဖော်ပြမှ လုပ်ဆောင်တာ၊ တိုင်စာရောက်မှ အရေးယူဆောင်ရွက် နေတာတွေဟာ အင်စတီကျူးရှင်းတွေ မခိုင်မာသေးဘူး၊ ဥပဒေမစိုးမိုးသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။