News

POST TAGGED AS

ဘင်္ဂါလီ

25-Nov-2016 tagged as ဘင်္ဂါလီ
ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်တိုက်ခိုက်မှုတွင် မွတ်ဆလင်များ လူမျိုးတုံး သတ်ဖြတ်ခံနေရသည်ဟု စွပ်စွဲကာ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံတို့ရှိ မြန်မာသံရုံအနီးတွင် မွတ်ဆလင်များ နိုဝင်ဘာလ ၂၅ ရက်နေ့က ဆန္ဒပြကြောင်း သက်ဆိုင်ရာ မြန်မာသံရုံးများထံမှ သိရှိရသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေကို အခြေခံပြီး မြန်မာနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆူဇူကီးဖလား ပြိုင်ပွဲကနေ မလေးရှားအသင်း နုတ်ထွက်ဖို့ အကြောင်းကို ကျွန်တော်တို့ စဉ်းစားခဲ့တာပါ။ သက်သေအထောက်အထားတွေအရ ဒါဟာ လူမျိုးတုန်း သတ်ဖြတ်မှုပါပဲ။ မလေးရှားအသင်း ပြိုင်ပွဲကနေ နုတ်ထွက်မယ့် အကြောင်းကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေပါတယ်” ဆိုတာက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဂျမားလွတ်ဒင် ပြောကြားသွားခဲ့တဲ့ စကားရပ်တွေပါပဲ။
21-Nov-2016 tagged as ဘင်္ဂါလီ စစ်တွေ
ရခိုင်ပြည်နယ် စစ်တွေမြို့ မီးစက်လမ်းဆုံအနီးတွင် နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီ မတိုင်မီက ကောလဟာလ သတင်းများကြောင့် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် ရဲတပ်ရင်း ၁၂ မှ လုံခြုံရေး အပြည့်ဖြင့် ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ည ၉ နာရီခွဲခန့်တွင် လူစု ကွဲသွားပြီဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး စိုးမြင့်အောင်က ပြောကြားသည်။
21-Nov-2016 tagged as ဘင်္ဂါလီ
"အထောက်အထား သက်သေတစ်စုံတရာ မပါဘဲ ခိုးဝင်ရောက်ရှိလာကြောင်း ထင်ရှားနေလို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အမိန့်ချခဲ့တာပါ"ဟု မြို့နယ်တရားသူကြီးကပြော ကြားသည်
အောက်တိုဘာလ ၉ ရက်နေ့က အစပြုခဲ့သည့် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုများမှာ တစ်လကျော်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ သေနတ်သံများ မတိတ်သေး။ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ကျဆုံးနေဆဲ ဖြစ်သည်။ မောင်တောခရိုင်က ကျေးရွာအချို့၌ ကထိန်လှည့်ရာတွင် လက်နက်ကိုင် လုံခြုံရေးများ လိုက်ပါနေရသည့် အခြေအနေ။
မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ အစွန်းရောက် လှုပ်ရှားမှု ကွန်ရက် တစ်ခုကို ခြေရာခံမိပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။
14-Nov-2016 tagged as ဘင်္ဂါလီ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံကျေးရွာ အုပ်စုအတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မြဇင်ကျေးရွာသို့ ဝင်ရောက် ရှင်းလင်းခဲ့ရာ အဆိုပါ ကျေးရွာနေ အဒူဟာမီ(ဘ) ရူးနာအာလီ၏ နေအိမ် အတွင်းမှ ၎င်းအပါအဝင် တုတ်၊ ဓားများ ကိုင်ဆောင်ထားပြီး အကြမ်းဖက် စီးနင်း တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၄ ဦးကို ဖမ်းဆီး ရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။နသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၄ ဦးကို ဖမ်းဆီး ရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
05-Nov-2016 tagged as ဘင်္ဂါလီ
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (က) ရပ်ကွက်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Nov-2016 tagged as ဘင်္ဂါလီ
တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးများ တင်ဆောင်သည့် အဝေးပြေးယာဉ်လိုင်း အချို့ကို တစ်လ ပိတ်သိမ်း အရေး ယူသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဌာန (ပို့/ဆက်) ထံမှ သိရသည်။
“ကင်းလဲလို့ အချိန်မကြာသေးဘူး။ အုပ်စုလိုက်ကြီး ဝင်လာတော့ ကျွန်တော်တို့လည်း တောက်လျှောက်ပြန်ခုခံတာပဲ” ဟု အကြမ်းဖက် တိုက်ခိုက်ခံရစဉ်က မြင်ကွင်းကို တပ်ကြပ်အာကာက ပြန်ပြောင်းပြောပြသည်။ “ကျွန်တော်တို့ ရဲဘော်ကို ဓားနဲ့ထိုးနေတော့ လဝက မှတ်တမ်းထိန်းက ဝင်ရိုက်လိုက်တာ လဲသွားတဲ့ အကြမ်းဖက်သမားကို သေနတ်နဲ့ ပစ်ပေမယ့် ကျည်ကုန်မထွက်ဘဲ ညပ်သွားတယ်။ ပစ်လို့ မရတော့ဘူးလေ”