News

POST TAGGED AS

ဘင်္ဂါလီ

တာချီလိတ်ဒေသခံများစုပေါင်း၍ ရခိုင်သို့ ငွေလှူဒါန်းမည်

ကျိုင်းတုံ၊ ဩဂုတ် ၂၈

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် တိုင်းရင်းသားများ၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို တာချီလိတ်ဒေသခံများစုပေါင်း၍ ငွေလှူဒါန်းမည်ဖြစ်ကြောင်း တာချီလိတ်မြို့ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန်က ပြောကြားသည်။

“မနေ့က ကော်မတီဖွဲ့ပြီး အလှူငွေတွေ စကောက်ခဲ့တာမှာ ၆၅ သိန်းကျော် ရရှိထားတယ်။ ဘယ်ရက်အထိ အလှူငွေ ကောက်ခံမယ် ဆိုတာတော့ မသတ်မှတ်ရသေးဘူး။ ရရှိလာတဲ့ အလှူငွေတွေကို ရခိုင်ပြည်နယ်အစိုးရထံ ချိတ်ဆက်ပြီး လှူဒါန်းပေးမှာပါ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတင်းစာဆရာအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းကဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့သူ၊ မြို့သားများသည် မြန်မာပြည်နယ်ရာ အနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည့် ရေဘေးဒုက္ခ ကျရောက်သူများ အပါအဝင် တပ်မတော် လေယာဉ်ပျက်ကျမှု ဖြစ်စဉ်၌ ပါဝင်ကြသည့် မိသားစုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သူများကို စုပေါင်းအလှူငွေများကောက်ခံ၍ ပေးပို့လှူဒါန်းပေးခဲ့ကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။

R-16



FOLLOW US