POST TAGGED AS

ဘင်္ဂါလီ

မေယု FM ကိစ္စတွင်လည်း ထိုနည်းအတူပင်ဖြစ်သည်။ ထုတ်လွှင့်ချိန်မှသာ ပြည်သူသိခွင့် ရခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဖေသန်းက အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။ “အာဏာရှင်ဆန်ဆန် လုပ်နေတာ။ ဘာမှချပြစရာ မလိုဘူး။ ငါတို့လုပ်ရင် မှန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ အမြဲတမ်း တွေ့ရတယ်”
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနီးတစ်ဝိုက်၌ မေယုအက်ဖ်အမ် ထုတ်လွှင့်ရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိစ္စရပ်များကို လူထုဆန္ဒနှင့်အညီ ရပ်ဆိုင်းရန် ပြည်နယ်လွှတ်တော်၌ ရခိုင်အမျိုးသားပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က အရေးကြီးအဆို တင်သွားမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
04-Feb-2017 tagged as ရခိုင် ဘင်္ဂါလီ
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ ဘင်္ဂါလီများကို မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုများ ကျူးလွန်ကြောင်း စွပ်စွဲမှုများ ပါရှိသည့် UN ၏ အစီရင်ခံစာကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။
ဘင်္ဂလားပင်လယ်အော်ထဲရှိ အကာအကွယ်မဲ့ ကျွန်းတစ်ကျွန်းသို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပို့ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းစာမျက်နှာများက ဖော်ပြထားသည်။
ဘင်္ဂါလီအရေးကိစ္စ ဆွေးနွေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီ ၂၈ ရက်တွင် စတင်သွားရောက်ခဲ့ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။
20-Jan-2017 tagged as ဘင်္ဂါလီ OIC
အထူးသတိချပ်စရာကောင်းသည့် အချက်မှာ OIC အရေးပေါ်အစည်းအဝေး အဖွင့်တွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ သုံးသပ်ချက်ပင် ဖြစ်သည်။ နာဂျစ်က ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက် မဟုတ်တော့ဘဲ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သက်ဆိုင်သော ပြဿနာကြီးတစ်ရပ် ဖြစ်လာသည်ဟု ဆိုသည်။ ထို့နောက် နာဂျစ်က ဘင်္ဂါလီ ဒုက္ခသည်များ၏ ကံဆိုးမိုးမှောင်ကျမှုကြီးသည် အာဆီယံဒေသ တစ်ခုလုံးကို မတည်မငြိမ် ဖြစ်လာသည်အထိ ဖန်တီးလာနိုင်ကြောင်း သတိပေးသည်။
02-Jan-2017 tagged as ဘင်္ဂါလီ
ဘင်္ဂါလီဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်စုကို မြန်မာအစိုးရက မြန်မာရေပိုင်နက် အတွင်းသို့ ဝင်ခွင့် မပြုပါက လမ်းကြောင်း ပြောင်းလဲကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုက်ကပ်စေမည်ဖြစ်သည်ဟု မလေးရှား NGO အဖွဲ့က ပြောကြားလိုက်ကြောင်း Free Malaysia Today အွန်လိုင်း သတင်းဌာနက ဖော်ပြသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့နေသည့် ရခိုင်ပြည်နယ် မောင်တောတွင် ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို နှိပ်စက်နေမှု ရုပ်သံကို ပြန်လည်စိစစ်သွားရန် ရှိပြီး မှန်ကန်ပါက တာဝန်ရှိသူများကို အရေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြန်လည်ဖြေကြားသည်။
မောင်တောမြို့နယ် ရေတွင်းကျွန်း ကျေးရွာတွင် ဒီဇင်ဘာ ၂၅ ရက်က အစိုးရ ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ဘင်္ဂါလီလူမျိုး ကျေးရွာစာရေးတစ်ဦး ထပ်မံ၍ အသတ်ခံခဲ့ရကြောင်း မောင်တောမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
23-Dec-2016 tagged as ဘင်္ဂါလီ
မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာခန့် မှောင်ခို တင်ဆောင်လာသည့် လှေကို မြန်မာ့ရေပိုင်နက်တွင် ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)က ဖမ်းမိကြောင်း