POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်းဆိပ်မြို့နယ်၊ မော်တုတ်ကြီးကျေးရွာမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခံယူထားသည့် ရခိုင်တိုင်းရင်းသား ၃၀၀ ခန့် မတ်လ ဒုတိယအပတ်၌ မြန်မာနိုင်ငံ မောင်တောမြို့သို့ ပြောင်းရွှေ့ခိုလှုံလာကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် အသေးစားချေးငွေလုပ်ငန်းကုမ္ပဏီ BRAC (Myanmar) နှင့် ရိုးမဘဏ်တို့ပူးပေါင်းပြီး အပေါင်ပစ္စည်းမလိုအပ်သည့် အသေးစားချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်ကပေးပို့သည့် ဒုက္ခသည် ရှစ်ထောင်ကျော်စာရင်းတွင် အချက်အလက်ပြည့်စုံသည့် လူ ၃၀၀ ကို စတင်လက်ခံမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သော ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၀ ကျော် မတ်လ ၈ ရက်က မောင်တောမြို့နယ်သို့ ပြောင်းရွှေ့လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောဒေသတွင် မြန်မာတပ်မတော်က တပ်ဖွဲ့များ တိုးမြှင့်ချထားလိုက်ခြင်းကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လျက်ရှိကြောင်း Asia Times အွန်လိုင်း သတင်းမဂ္ဂဇင်းက ကိုးကားဖော်ပြသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ပြုလုပ်ခဲ့ပြီး နယ်စပ်မျဉ်းအနီး တရားမဝင်နေထိုင်သည့် နေရပ်စွန့်ခွာများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကပေးပို့သည့် ဒုက္ခသည်များစာရင်းကို စစ်ဆေးရာတွင် အထောက်အထားမပြည့်စုံ၍ ပြန်လည်တောင်းခံထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဘယ်လောက်ပင် နားလည်မှု သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါစေ မြေပြင်အခြေအနေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ကာလအတန်ကြာ ဝင်ရောက်နေထိုင်သူ ဘင်္ဂါလီတို့အကြား ပြေလည်အောင် ဖြေရှင်းမပေးနိုင်လျှင် ဒုက္ခသည်ပြဿနာက ဆက်လက်တည်ရှိနေဦးမည့် သဘောမှာရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ လူမနေရ ကန့်သတ်ထားသည့် နယ်နိမိတ် (Zero Line)၌ ကြာမြင့်စွာ အခြေချနေထိုင်သူ ထောင်ချီသော ဘင်္ဂါလီများသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းမှစ၍ ၎င်းတို့နေအိမ်များ ဖျက်သိမ်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့နေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များအနက် ပထမဆုံးအဖြစ် ဘင်္ဂလားဒေ့ရှ်ကပို့သည့် ဒုက္ခသည် ရှစ်ထောင်ကျော် စာရင်းကို မြန်မာအစိုးရက စစ်ဆေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။