News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ရသေ့တောင်မြို့နယ်တွင်တွေ့ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည် ၁၂ ဦးကို မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီး ယင်းနိုင်ငံမှခေါ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင်း သတင်းအချက်ဖလှယ်ရန် ကော့ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့ ၌ ယခုနှစ်လယ်တွင် နယ်စပ်ဆက်ဆံရေးရုံး (BLO)ပထမဆုံးဖွင့်မည်ဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်မှုဌာနချုပ်မှ ရဲမှူးကြီးဝင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mr. Abul Hassan Mahmood Ali တို့ တရုတ်နိုင်ငံတွင် ဒုက္ခသည်များအရေးကို ဇွန်လ ၂၉ ရက်က ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်ဒုက္ခသည်များ ပြန်လည်လက်ခံရေး အစီအစဉ်၌ ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုက ထောက်ပံ့ပေးမည် ဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ မြန်မာ့ဆန် တန်ချိန်တစ်သိန်းကို ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်သို့ စတင်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်မေလအတွင်း စတင်ခဲ့သော မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေးတွင် လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိသဘောဆန္ဒအလျောက် ပြန်လာသည့် နေရပ်စွန့်ခွာ ၆၂ ဦးကို မြန်မာအစိုးရက ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွင် စတင်လက်ခံလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက မေလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသည့်အဖွဲ့ကြီး Amnesty International က ရိုဟင်ဂျာလက်နက်ကိုင် စစ်သွေးကြွ ARSA ၏ အစုလိုက် အပြုံလိုက် လူသတ်မှုများကို သက်သေ အထောက်အထားများ ကိုးကားလျက် အစီရင်ခံစာ ထုတ်ပြန်ဖော်ပြလိုက်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး ယာယီတဲထိုးနေထိုင်သော ဘင်္ဂါလီ ၃၀၀၀ ကျော်ကို နေထိုင်ခြင်းမလုပ်ရန် အသံချဲ့စက်ဖြင့် နေ့စဉ်ရက်ဆက် သတိပေးနေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲမှူးကြီးသိန်းဝင်းက The Voice Daily သို့ ပြောကြားသည်။
မြန်မာနိုင်ငံမှ ပြန်လည်လက်ခံနိုင်မည့် ဘင်္ဂါလီဦးရေ ၁၁၀၀ ခန့်စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ မေလ ၁၇ ရက်က ပေးပို့ထားသော်လည်း ၅ ရက်ကြာသည်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။