News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူ
ဒါကာ၊ ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ဒုက္ခသည်များ ပြဿနာနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေး အေးတိအေးစက် ဖြစ်နေသည် ဟု ဝေဖန်မှုများ ထွက်ပေါ်နေစဉ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားရန် သဘောတူညီလိုက်ကြောင်း ဒါကာအခြေစိုက် The Star သတင်းစာက ရေးသား ဖော်ပြသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ဒါကာတွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေအိပ်ခ်ျမာမွတ်အလီက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံအကြား လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် သဘော တူညီထားပြီဖြစ်သည်ဟု ပြောကြားသည်။

လုံခြုံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသ ပြန်ကြားရေးရုံး တည်ဆောက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ တစ်ရပ် (MoU) လက်မှတ် ရေးထိုးရန်လည်း နှစ်နိုင်ငံစလုံးက သဘော တူညီထားသည်ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အပြန်အလှန် အလည်အပတ် လာရောက်ကြရန် အရေးကြီးသည် ဟူသောအချက်ကိုလည်း မြန်မာအစိုးရ ခေါင်းဆောင်များက ထုတ်ဖော် ပြောကြားလာကြောင်း ၎င်းက သတင်းစာဆရာများကို ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် မြို့တော်ဒါကာသို့ အလည်အပတ် ရောက်ရှိလာသော မြန်မာအထူး သံတမန်  ဦးကျော်တင့်နှင့် ၀န်ကြီးချုပ် ရှိတ်ဟာစီနာတို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်းသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ၀င်ရောက်ခဲ့ကြသော မြန်မာနိုင်ငံသားများနှင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ (ဘင်္ဂါလီ)များ၏ အရေးကိစ္စနှင့် ပတ်သက်၍ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ရေးအတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် မြန်မာနိုင်ငံ အစိုးရကို အဆိုပြုခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

F-01



FOLLOW US