News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် တရုတ်နိုင်ငံတွင် ဒုက္ခသည်အရေး ဆွေးနွေး
ရန်ကုန်၊ ဇူလိုင် ၂

မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mr. Abul Hassan Mahmood Ali တို့ တရုတ်နိုင်ငံတွင် ဒုက္ခသည်များအရေးကို ဇွန်လ ၂၉ ရက်က ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့နှစ်ဦးနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr.Wang Yi လည်းပါဝင်ခဲ့ပြီး အချက်လေးချက်ကို သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ဆွေးနွေးရာတွင် “အကြမ်းဖက်မှုရပ်တန့်ရေး၊ ပြန်လည်လက်ခံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး”ဟူသော အဆင့်သုံးဆင့် အဆိုပြုချက်နှင့်အညီ ရခိုင်ပြည်နယ်အခြေအနေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဆက်လက်တွန်းအားပေးဖော်ဆောင်ရင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သင့်တင့်လျောက်ပတ်သည့် ဖြေရှင်းရေးနည်းလမ်းအား ရှာဖွေသင့်ကြောင်း၊ ယင်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ အရင်းခံအကျိုးစီးပွားနှင့်ကိုက်ညီပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်လည်း အကျိုးရှိကြောင်းပါရှိသည်။

ဆက်လက်၍ လက်ရှိအရေးအကြီး ဆုံးကိစ္စရပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာပြည်သူများ ပြန်လည်လက်ခံရေးဖြစ်သဖြင့် ထိရောက်သော အစီအမံများ အမြန်ဆုံးဖော်ဆောင်၍ လက်တွေ့ဆောင်ရွက်ရင်း ပထမအသုတ် ပြန်လည်လက်ခံရေးကို အကောင်အထည်ဖော်ဆောင်သင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက်၏ ဆန္ဒနှင့်အညီ ထွက်ပြေးတိမ်းရှောင်သွားသူများအတွက် အရေးပေါ်အသုံးအဆောင် ပစ္စည်းများထောက်ပံ့ရေး၊ သက်ဆိုင်ရာအဆောက်အအုံများ တည်ဆောက်ရေး စသည့်နေထိုင်ရပ်တည်ရေးနှင့် ပြန်လည်နေရာချထားရေး အနေအထားကောင်းမွန်လာစေရေးအတွက် အကူအညီများ ပေးအပ်လိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအတွက် ကိုယ်စီရှိအားသာချက်အားအသုံးချ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်၍ ဒေသခံပြည်သူလူထုဘဝအား လက်တွေ့ကျကျ ကောင်းမွန်လာစေမည်ဟု ဆက်လက်ဖော်ပြထားသည်။




FOLLOW US