News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များပြန်လာရေး ကြန့်ကြာမှုကို အစိုးရချင်း ဧပြီ ၁၁ ရက် ဆွေးနွေးမည်
ရန်ကုန်၊ ဧပြီ ၃

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များပြန်လာရေး ကြန့်ကြာနေမှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ဧပြီလ ၁၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆွေးနွေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ မိုးတွင်းလည်းရောက်တော့မယ်။ ပြန်လည်လက်ခံရေး ကြန့်ကြာနေတာလဲ၊ သူတို့ဘက်က လူတွေပို့ရမှာကို ဘာကြောင့် ကြန့်ကြာနေတာလဲ၊ လူချင်းတွေ့ပြီး ဆွေးနွေးသွားဖို့ သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရန်အတွက် ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးတို့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ ဧပြီလ ၁၁၊ ၁၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်ရက်တာ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထိုအပြင် ဒုက္ခသည်များလက်ခံရန် မြန်မာအစိုးရဘက်မှ အဆင့်သင့်ဖြစ်နေကြောင်းကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များလက်ခံရန် နှစ်နိုင်ငံသဘောတူညီချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် လက်ခံမည်ဟု သဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်သည်။

ထို့သို့ လက်မှတ်ရေးထိုးထားသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်နိုင်ခြင်း မရှိခဲ့ချေ။

J-18



FOLLOW US