News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

မြန်မာပြည်ဘက်မှ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်လျက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်လာသော ဒုက္ခသည် ၄ သိန်း ၂ သောင်းခန့်ကို မြန်မာနိုင်ငံက ပြန်လည် လက်ခံပါရန် တောင်းဆိုချက်အသစ်အား ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက အဆိုပြုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာက မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မွတ်ဆလင်များအကြောင်းကို တနင်္လာနေ့က သမ္မတထရမ့်အား ပြောပြခဲ့သော်လည်း မည်သို့မျှ မခံစားရကြောင်း ရှင်းရှင်းလင်းလင်း ပြသသွားသည့် ထရမ့်ထံမှ အကူအညီကို မမျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
19-Sep-2017 tagged as ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ဓာတ်ပုံသတင်းထောက်များနှင့် အမြန်ဆုံး တွေ့ခွင့်ရရေး ဆောင်ရွက်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်သည်။
တိုင်းပြည်၏ ဘတ်ဂျက်နှင့် ပြည်သူများ၏ အလှူငွေများကို ယိုပေါက်မရှိအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြပြီး ခြံစည်းရိုးခတ်ပြီးရုံဖြင့်လည်း မပြီးသေးဘဲ နိုင်ငံတကာမှ နည်းပညာများကို အကူအညီရယူပြီး CCTV ကင်မရာများ တပ်ဆင် စောင့်ကြည့်ရန်အထိ လုပ်နိုင်လျှင်ကောင်းသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံ စည်းရိုး ပြန်လည်ပြုပြန်ရန်နှင့် ဆက်လက် ကာရန်ကျန်ရှိသည့် ခြံစည်းရိုး စီမံကိန်း ဆောင်ရွက်နိုင်ရန် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှ အလှူငွေ ကောက်ခံ၍ လှူဒါန်းပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါက်တာသောပါက က မိန့်ကြားသည်။
သူလျှိုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ စာဖြင့် အကြောင်းကြား မေးမြန်းထားပြီး ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၅ နှစ်အတွင်း ဆန်တန်ချိန် တစ်သန်းတင်ပို့ရောင်းချမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ် ခြံစည်းရိုး မိုင်ပေါင်းလေးဆယ်ကျော် ကာရန် ကျန်ရှိသည့် စီမံကိန်းကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်မရှိ၍ ကာရံရန် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
21-Mar-2017 tagged as ဘင်္ဂလားဒေ့ရှ်
မြန်မာနိုင်ငံ အနောက်ခြမ်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ခြမ်းတွင် လူမျိုးရေး ပဋိပက္ခများ ရှိနေသော ဒေသများတွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားရောက်ခိုလှုံသူ မွတ်ဆလင် ဒုက္ခသည်များရှိရာ နေရာများသို့ မြန်မာအစိုးရဘက်မှ ကိုယ်စားလှယ်များ လာရောက်ကြည့်ရှု လေ့လာကြကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။
ဘင်္ဂလားပင်လယ်အော်ထဲရှိ အကာအကွယ်မဲ့ ကျွန်းတစ်ကျွန်းသို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပို့ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းစာမျက်နှာများက ဖော်ပြထားသည်။