News

POST TAGGED AS

ဗုံးကွဲမှု

ကွတ်ခိုင်အနီးတွင် ကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ


နေပြည်တော်၊ မတ် ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ ဟန်ရှန်ရွာပျက်အနီး၌ ကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ မတ်လ ၁၅ ရက်နေ့နံနက်က ဖမ်းမိကြောင်း တပ်မတော်က ယနေ့သတင်းထုတ်ပြန်သည်။

၈၈။၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၁၂ဝဝ ပြား၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ဝဝဝ ပြားကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲ ခြောက်လုံး၊ မီးစက် နှစ်လုံး၊ Gas အိုးအကြီး ၃ဝ လုံး၊ Gas အိုးအသေးတပ်လျက် ဖန်ပေါင်းချောင်အသေး လေးလုံးတွဲ ၁ဝ၅ စုံ (စုစုပေါင်း ၄၂ဝ လုံး)၊ Deep Freezar ၁ဝ လုံး၊ ဆေးပြားရိုက်စက် တစ်လုံး၊ စတီးဂက်စ်အိုး ၁ဝ လုံး၊ ဆေးပြားမွှေစက် သုံးခု၊ ဖန်ပေါင်းချောင် အကြီးရှစ်ခု၊ ၅ဝ ဂါလန်ဝင် အီသိုင်းအီသာ အမျိုးအစား သံပီပါ ၁၅ဝ လုံး၊ ၅ ဂါလန်ဝင် အက်စစ်ပုံး ၃၁၃ ပုံး၊ ၅ဝ ဂါလန်ဝင် အက်စစ်ပုံး ၃၈ဝ ပုံး၊၂၅ ကီလိုဂရမ်ပါ ကော့စတစ်ဆိုဒါ ၆၅၂ အိတ်၊ ၁၅ ကီလိုဂရမ်ပါ ဆူဒိုအက်ဖီ ဒရင်းဆေးပြား သုံးအိတ်၊ ၈ဝဝ ဂရမ်ပါ ကဖင်း ငါးထုပ်၊ အက်ဖီဒရင်း အမှုန့် ၁၃ ဒသမ ၉ ကီလိုဂရမ် တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယင်းသိမ်းဆည်းရမိသည့် ဆေးပြားနှင့် ဆက်စပ်ပစ္စည်းများမှာ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်က ဆိုသည်။



FOLLOW US