News

POST TAGGED AS

ဗုံးကွဲမှု

အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဆူရာဘရာရှိခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုတွင် အသေခံဗုံးခွဲမှုအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ဒေသရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးသွားသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။
စစ်တွေမြို့ ပေါက်ကွဲမှုကြောင့် သံသယရှိ၍ ဖမ်းဆီးခံထားရသူ ၉ ဦးအနက် ရခိုင်အမျိုးသားကောင်စီမှ ထိပ်ပိုင်းခေါင်းဆောင် ဦးနိုင်စိုးအပါအဝင် ၅ ဦးကို မတ်လ ၂၆ ရက် ည ၈ နာရီက အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။
လန်ဒန်မြေအောက်ရထား လူစည်ကားချိန် ဗုံးခွဲရန်ကြံစည်ခဲ့ပြီး လူ ၃၀ ခန့် ဒဏ်ရာရစေခဲ့မှုအတွက် အသက် ၁၈ နှစ်အရွယ် အီရတ်နိုင်ငံသား ခိုလှုံရန်ဝင်ရောက်လာသူတွင် အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။
စစ်တွေမြို့ မိုင်းပေါက်ကွဲမှုများတွင် သံသယဖြင့် ဖမ်းဆီးထားသူရှစ်ဦးကို ပထမအကြိမ် ချုပ်ရမန်ပြည့်ပြီဖြစ်သောကြောင့် ဒုတိယအကြိမ် ချုပ်ရက်ရမန်နှစ်ပတ် ထပ်ယူထားကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရိုးမဘဏ်ခွဲ ၁ တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဘဏ်ခွဲ (၁) နှင့်အတူ လေးရက်ကြာပိတ်ထားခဲ့သည့် ရိုးမဘဏ်ခွဲ ၂ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ယင်းဘဏ်ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေက ရိုးမဘဏ် ဗုံးဖောက်ခွဲခံရမှုတွင် စီစီတီဗီ၏ မှတ်တမ်းပုံရိပ်များမှာ တုန်ခါမှုအရှိန်ကြောင့် ဝေဝါးပျက်စီးခဲ့သည့်အတွက် ကျူးလွန်သူ၏ သက်သေ အထောက်အထားများ ရရှိရန်ခက်ခဲနေကြောင်း လားရှိုး မြို့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး စန်းယုက ပြောကြားသည်။
စစ်တွေမြို့တွင် ချိန်ကိုက်မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နေ့လယ်ပိုင်းအချိန်က ဒေသခံသုံးဦးအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားကြောင်း မိသားစုဝင်းများထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘဏ်တစ်ဘဏ်၌ ဗုံးပေါက်ကွဲသောကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး ၂၂ ဦးဒဏ်ရာရကြောင်း စစ်ဘက်တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ၊ မှောင်ခိုကွန်ရက်များ ထိန်းချုပ်ရေးတိုက်ပွဲများ ဒဏ်ခံရလေ့ရှိသော၊ မကြာခဏဥပဒေစိုးမိုးမှု ကင်းမဲ့နေသော လားရှိုးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။