News

POST TAGGED AS

ဗီယက်နမ်

ဗီယက်နမ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်စ အာရှနိုင်ငံများထဲတွင် တိုးတက်မှုအရှိန် အမြင့်ဆုံး၊ အမြန်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ နိုင်ငံတကာမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ၊ ကုမ္ပဏီများလည်း ဝင်လာမဆဲတသဲသဲ ဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံအတွင်းမှာပင် ကျွမ်းကျင်ပညာရှင်များ၊ ပညာတတ်များ အများအပြားလိုအပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ သို့သော် လုပ်သားများကို ထိုက်တန်သည့် လစာမပေးနိုင်ခြင်း၊ အလုပ်လာလုပ်သူများကလည်း ကျွမ်းကျင်မှုမရှိခြင်း စသည့် ပြဿနာများကို ရင်ဆိုင်နေရသည်။
ဟောင်သီဟောင်သည် ကျောင်းထွက်သွားရသည်။ သူ နောက်ဆုံးတက်ခဲ့ရသည့် အတန်းက ၈ တန်းဖြစ်သည်။ သူ့အသက် ၁၄ နှစ်သမီးအရွယ်က ထွက်ခဲ့ရခြင်းဖြစ်သည်။ ကျောင်း တက်ခဲ့သည့် ကာလတွေကို သူမမေ့။ ယနေ့တိုင် ကျောင်းနှင့်ဝေးခဲ့ရသည်ကို သူနောင်တရနေသည်။ သူကျောင်းနှင့် ဝေးကွာခဲ့ရသည်မှာ ၁၄ နှစ်ရှိခဲ့ပြီ။
ဗီယက်နမ်အခြေစိုက် Viettel နှင့် ပြည်တွင်းကုမ္ပဏီများ ဖွဲ့စည်းထားသည့် Myanmar National Telecom Holdings ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ထားသည့် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ MyTel က မတ်လတွင် ဝန်ဆောင်မှု စတင်မည်ဖြစ်ကြောင်း အဆိုပါအော်ပရေတာထံမှ သိရသည်။
ဗီယက်နမ်တွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့် အာဏာရှိသူများအား ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ တာဝန်ရှိသူဟောင်းတစ်ဦးကို ၁၃ နှစ် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပြည်တွင်းသို့ ဘယ်မောင်းကားများသာ တင်သွင်းရောင်းချခွင့်ပြုထားရာ ဒူဘိုင်းနှင့် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထုတ်လုပ်သည့်ကားများကို တင်သွင်းရောင်းချရန် လေ့လာနေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။
၂၀၁၇ ခုနှစ်အတွင်းက ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ပန်းခြံတစ်ခုတွင် လမ်းလျှောက်နေရင်း ပြန်ပေးဆွဲအဖမ်းခံလိုက်ရသော ဗီယက်နမ်လုပ်ငန်းရှင် မစ္စတာ တင်ရွှမ်သန်းသ်ကို ယခုအခါ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တရားရုံးတွင် ရုံးထုတ်လျက် ပြန်မြင်ရပြီဖြစ်ကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
သူ့အမည်က သီမေအန်းဖြစ်သည်။ အသက် ၂၃ နှစ်သာရှိသေးသည့် ဟနွိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသူလေးတစ်ဦးဖြစ်သည်။ သူတို့ဗီယက်နမ်နိုင်ငံတွင် ဘာဆာငါးဟုခေါ်သော ငါးခူတစ်မျိုးက ရရှိသည့်ဆီများကို Polyhydroxyalkanoates (PHA) ဟု ခေါ်သည့် ပလတ်စတစ်သို့ ပြောင်းလဲနိုင်သည့် သုတေသနလုပ်ငန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်သွားသော တိုင်ဖုန်းမုန်တိုင်း ဒမ်မရီကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးပြီး လူ ၂၀ ကျော် ပျောက်ဆုံးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံတွင် ဆရာတစ်ဦး၏ ပျမ်းမျှလစာသည် ဒေါ်လာ ၁၀ဝ သာရသောကြောင့် အခြား အလုပ်အကိုင် အခွင့်အလမ်း ကောင်းသည့် အလုပ်များကို ပြောင်းလဲလုပ်လိုသော ဆရာအရေအတွက် ပိုများနေကြောင်း Vietnam Express သတင်းတွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ၏ လက်ရှိအနေအထား PISA စာမေးပွဲရလဒ်များတွင် သိပ်ပြီးနိမ့်ကျသည်ဟု မဆိုနိုင်ပေ။ မည်သို့ဆိုစေ ကမ္ဘာ့အဆင့်ကိုမီရန်ဆိုသည်မှာ အစိုးရအနေနှင့် ကမ္ဘာ့အောင်မြင်နေသော စနစ်အတိုင်း လိုက်ရန်ကလွဲပြီး အခြားအကြောင်း မရှိပေ။