News

POST TAGGED AS

ဗိုလ်မှူး

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော လူမျိုးဖြုတ်ရှင်းလင်းမှုများ သာမက ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှု အစရှိသည်တို့အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော်မှ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများကို မဖြစ်မနေ စုံစမ်းစစ်ဆေးကာ တရားစွဲဆို အရေးယူရမည်ဖြစ်သည်ဟု ကုလသမဂ္ဂက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။
စမ်းချောင်းမြို့နယ်၊ မြေနီကုန်း/တောင်ရပ်ကွက်၊ ဒဂုံစင်တာရှေ့ရှိ မြေနီကုန်း မီးပွိုင့်အနီးတွင် မေလ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ဗိုလ်မှူးအယောင်ဆောင်သည့် အမျိုးသားတစ်ဦးကို စစ်သုံးမော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။