News

POST TAGGED AS

ဗိုလ်တထောင်

ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခုတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသားကို သတ်ဖြတ်ပြီး ခိုးယူသွားသည့် မတ်တူး ရွှေငါး အဖြူရောင်ယာဉ်ကို အောက်တိုဘာလ ၈ ရက် ညနေ ၄ နာရီခွဲက ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းအနီး ကမ်းနားလမ်းပေါ်တွင် ပြန်တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဗိုလ်တထောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ ယနေ့ (အောက်တိုဘာ ၈ ရက်) နံနက် ၁ နာရီခွဲက အမျိုးသား တစ်ဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။