News

POST TAGGED AS

ဗိုလ်ချုပ်ကြေးရုပ်

ဗိုလ်ချုပ်ရုပ်တု ကယားပြည်နယ်သို့ မဝင်စေရန် ညလုံးပေါက်စောင့်ဆိုင်း တားဆီး
တောင်ငူ၊ ဇူလိုင် ၁၀

လွိုင်ကော်မြို့နယ်တွင်ထားရှိရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုကို ကယားပြည်နယ်အတွင်းသို့ သယ်ဆောင်လာနေပြီဆိုသည့် သတင်းများကြောင့် ကရင်နီလူငယ်များက ဇူလိုင် ၉ ရက်နေ့မှ စတင်၍ ညလုံးပေါက် ပိတ်ဆို့စောင့်ဆိုင်းနေကြောင်း ၎င်းတို့ထံမှသိရသည်။

ပြည်နယ်အစိုးရ၏ အစီအမံဖြင့် လွိုင်ကော်မြို့နယ်တွင် ထားရှိရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုကို ကယားပြည်နယ်ထဲသို့ အဝင်မခံနိုင်သည့်အတွက် ကရင်နီလူငယ် အင်အား ၃၀ ခန့်သည် ကယားနှင့် ရှမ်းပြည်အစပ် မိုးဗြဲအနီးတွင် ပိတ်ဆို့စောင့်ဆိုင်းနေကြကြောင်း ၎င်းတို့က ဆိုသည်။

“သယ်လာရင်တားမယ်။ လမ်းပေါ်ထိုင်မယ်၊ လူတွေမှောက်ပြီး စီတန်းအိပ်မယ်၊ ဖျက်လိုဖျက်ဆီးတော့လုပ်မှာ မဟုတ်ပါဘူး”ဟု ဗိုလ်ချုပ်ကြေးရုပ် သယ်လာပါက မည်သို့လုပ်ဆောင်မည်ကို ဦးမျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်က ပြောကြားသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ထူရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ် ပြဿနာနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၇ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း မည်သည့် သဘောတူညီချက်မျှ ရရှိခဲ့ခြင်း မရှိသည့်အတွက် ဇူလိုင် ၂၀ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအရေးကန့်ကွက်နေသည့် ဖိလစ်စိုးအောင်က ပြောကြားသည်။

ဗိုလ်ချုပ်ကြေးရုပ်တုကို လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူရန် အပူတပြင်း ပြင်ဆင်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်သည့် လက်ကမ်းစာ စောင်ဖြန့်ဝေမှုများကြောင့် ကရင်နီလူငယ် ၁၁ ဦးကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တရားလိုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် တရားစွဲဆိုထားသည်။

R-15



FOLLOW US