News

POST TAGGED AS

ဗိုလ်ချုပ်အောင်ဆန်း

အဲဒီ HMBS Mayu ကို လက်ခံခဲ့တဲ့နေ့မှာပဲ ဗိုလ်ချုပ်က ကျုပ်တို့ရဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းနဲ့ ရေပိုင်နက်လုံခြုံဖို့ဆိုရင် ယနေ့ ရရှိခဲ့တဲ့ HMBS Mayu လို သင်္ဘော ခုနစ်စီးလောက် လိုလိမ့်မယ်လို့လည်း အနာဂတ် တိုင်းပြည်အတွက် လိုအပ်မယ့် အင်အားတွေကိုလည်း တွက်ချက် ပြခဲ့ပါသေးတယ်။
မိမိချွေးနှဲစာ စစ်မှန်သည်ဆိုပါက ပီဇာနှင့် ဆူရှီကိုပင် စိတ်ကြိုက် စားအပ်သော်လည်း ပြည်သူ့အခွန်ဘဏ္ဍာဆိုပါက ပဲပြုတ်၊ နံပြားကိုပင် စိတ်ကူးထဲ၌ မထည့် စကောင်းဟု ဆိုရပါမည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြေ နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် နှစ် ၇၀ ပြည့် အာဇာနည်နေ့ မတိုင်ခင်နှင့် အာဇာနည်နေ့တွင် လာရောက် ဂါရဝပြုသူများ၏ လုံခြုံရေးကို အဆင့်မြှင့်ထားကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဲဒီတော့ ကျွန်တော်တို့ ဗိုလ်ချုပ်အပေါ်မှာ တကယ်သစ္စာ ရှိတယ်၊ တကယ် ကျေးဇူးဆပ်ချင်တယ်၊ တကယ် တိုင်းပြည်လူထုအတွက် လုပ်ချင်တယ်၊ ကျေးဇူးတွေ ပြန်ဆပ်ချင်တယ် ဆိုရင် ကျွန်တော်တို့ရဲ့ရှေ့မှာ လမ်းတစ်လမ်းတည်း ရှိတယ်။
ကိုကျော်ကျော်မျိုး တစ်ယောက် ထိုသို့ အမေးခံရဖူးပေါင်းများပြီ။ ဇာတိမြေသို့ ပြန်လည်အခြေချ နေထိုင်နေသူ တစ်ယောက်ကို ပတ်ဝန်းကျင်က မေးနေကြသည့် မေးခွန်းအတွက် အဖြေမှာ မရှိသေး။ လူတိုင်းတွင် ဖြစ်ချင်သော ဆန္ဒများ ရှိကြမည်မှာ မလွဲပေ။ ကိုကျော်ကျော်မျိုးတွင်လည်း ဖြစ်ချင်သည့် ဆန္ဒတစ်ခု ရှိပါသည်။ အခြားသူနှင့် မတူသည်မှာ သူက ဗိုလ်ချုပ်ဖြစ်ချင်သူ။
နိုင်ငံသားများအနေနှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ကို ၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်ကုန်အထိ ဝင်ကြေးအခမဲ့ဖြင့် လည်ပတ်ခွင့်ပြုကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်၊ မုဒုံမြို့ ကန်သာယာပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမှုကို မွန်တိုင်းရင်းသားအရေး လှုပ်ရှားသူများက ဦးဆောင်ကာ စုပေါင်း၍ မတ်လ ၁၈ ရက် ညနေပိုင်းက မုဒုံမြို့ ကန်သာယာပန်းခြံ အနောက်တွင် ကန့်ကွက်ဟောပြောခဲ့သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါ တံဆိပ်ခေါင်းများကို မတ်လ ၁၇ ရက်မှစ၍ ပြန်လည်ရောင်းချနေပြီ ဖြစ်ကြောင်း နေပြည်တော် စာတိုက်ကြီးမှ မန်နေဂျာ ဒေါ်ခင်သိန်းဝင်းက ပြောဆိုသည်။
မန္တလေးမြို့တော်တွင် ထားရှိမည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံတူ စကျင်ကျောက်ဆစ် ရုပ်တုကို ဧပြီလတွင် စတင်ထုလုပ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ဒီတစ်ခါ လုပ်ကြံသူတွေကတော့ ဗိုလ်ချုပ်ကို ချစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ နိုင်ငံရေး နားမလည်တဲ့ နိုင်ငံရေးသမားတွေ ဆိုပါတော့ဗျာ။