News

POST TAGGED AS

ဗိုလ်ချုပ်အောင်ဆန်း

မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးကို ကျပ်သန်းပေါင်းတစ်ထောင် ငါးရာကျော်အသုံးပြုပြီ ၂၀၁၉ ခုနှစ်တွင် အပြီးရိုက်ကူးသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
ယခင်က ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ပြုလုပ်ခံခဲ့ရသည့်အတွက် လူငယ်များအနေနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုများ စိုက်ထူဖွင့်လှစ်နေရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖြစ်မြောက်ရေးတွင်ပါဝင်သော အနုပညာရှင်ဇာဂနာသည် ကျန်းမာရေး အခြေအနေကြောင့် ဒီဇင်ဘာလ ၁၈ ရက်က အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာ တင်ခဲ့ကြောင်း ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် ဆောင်ရွက်မည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြတ်သူက ပြောကြားသည်။
ကြန့်ကြာနေသော ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရက နိုဝင်ဘာလ ၂၄ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝမှ စတင်၍ နောက်ဆုံးအချိန်ထိ ဖြစ်ရပ်များ ပါဝင်သည့် အတ္ထုပ္ပတ္တိစာအုပ်ကို နိုင်ငံတော်အဆင့် အနေနှင့် ထုတ်ဝေမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
ကျပ်သိန်း သုံးသောင်းခန့် ကုန်ကျမည့် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုကို မန္တလေးမြို့တွင် စတင် ထုလုပ်နေပြီဖြစ်ကြောင်း ပြည်သူ့အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန် (သိန်းတန် စာနယ်ဇင်း) က ပြောကြားသည်။
ရွှေတိဂုံဘုရားလမ်းပေါ်ရှိ သမိုင်းဝင် ဂျူဗလီဟော တစ်ဖြစ်လဲ တပ်မတော် စစ်သမိုင်းပြတိုက်ဟောင်း နေရာတွင် အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများ ပါဝင်သည့် အဆောက်အအုံတစ်ခုကို တည်ဆောက်ခွင့် ပြုထားပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မျိုးဆက်သစ် လူငယ်များ၏ အသိဉာဏ်ပညာ ကြီးမားရင့်ကျက်သည့် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် နိုင်ငံရေး အယူအဆများ၊ စီးပွားရေးအသိ အတွေးအခေါ်များနှင့် အခြား နယ်ပယ်အသီးသီးတွင် နိုင်ငံတော်အတွက် အားထားရမည့် လူငယ်လေးများ၏အား အထူးလိုပါသည်။
အထူးသဖြင့် မျိုးဆက်သစ်များ အနေနှင့် ဗိုလ်ချုပ်၏ ပြောဆို၊ ပြုမူမှုပုံစံများကိုသာ သတိရ တမ်းတနေခြင်းမျိုး၊ အချိုးအစား မညီသော ဗိုလ်ချုပ်ပုံစံတူ ရုပ်တုများကိုသာ ထုဆစ်နေခြင်းမျိုး၊ မိမိတို့နာမည် ကျော်ကြားရေးအတွက် ဗိုလ်ချုပ်ကို အသုံးချနေခြင်းမျိုးတို့ကို လုပ်ဆောင်မနေကြဘဲ အာဇာနည် ခေါင်းဆောင်ကြီး၏ မျှော်မှန်းချက်များကို ရုပ်လုံးပေါ်အောင် လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်သာ ဗိုလ်ချုပ်လမ်းညွှန်ချက်ကို မြေဝယ်မကျ နားထောင်ရာ ကျပေမည်ဖြစ်သည်။