News

POST TAGGED AS

ဗိုလ်ချုပ်အောင်ဆန်း

၂၀၂၀ ခုနှစ်တွင် ရုံတင်မည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရာတွင် ဇာတ်ဝင်ခန်းအဖြစ် ထည့်ရိုက်ရန် သရုပ်ဆောင်ကျော်ကျော်မျိုးကို ဇေကမ္ဘာဦးခင်ရွှေ ဝယ်ယူထားသော နိုင်ငံခြားမြင်းတစ်ကောင်ဖြင့် မြင်းစီးလေ့ကျင့်ပေးရန် စီစဉ်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြောကြားသည်။
ဒုတိယအကြိမ်ရိုက်ကူးရန် ကြိုးစားနေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ဇူလိုင်လအတွင်း အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီး ယခင်လျာထားချက်အတိုင်း ၂၀၁၉ခုနှစ်အတွင်း အပြီးရိုက်ကူးကာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြသနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန်စီစဉ်မှုကို ချင်းတက္ကသိုလ်ကျောင်းသားများနှင့် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ချင်းတက္ကသိုလ် ကျောင်းသားများနှင့် ချင်းအရပ်ဘက်လူမှု အဖွဲ့အစည်းများထံမှ သိရသည်။
၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသမည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြည်သူများထံမှ လှူဒါန်းငွေ ကျပ်သိန်း တစ်သောင်းကျော်ရရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဝင် တစ်ဦးက ပြောကြားသည်။
ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပန်းခြံတွင်ထားရှိသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို (၇၃) နှစ်မြောက် တပ်မတော်နေ့တွင် ဖွင့်လှစ်လိုက်သည်။
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝပုံစံ ရုပ်တုကို ရန်ကုန်မြို့ သာကေတမြို့နယ်တွင် စိုက်ထူခဲ့ပြီး တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသာရှိကြောင်း ရုပ်တုဖြစ်မြောက်ရေးကော်မတီဝင် ကိုအောင်ငြိမ်းကျော်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပါတီဌာနချုပ်ရုံးနှင့် မြို့နယ်ရုံးများတွင် ပဲပြုတ်နှင့် နံပြားများ ကျွေးမွေးသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်သည် ပြတိုက်များ၏ တရားဝင်ပိတ်ရက်ဖြစ်သော တနင်္လာနေ့နှင့် တိုက်ဆိုင်နေသဖြင့် ရန်ကုန်မြို့ရှိ ပြတိုက်အားလုံးကို ပိတ်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
မန္တလေးမြို့တော်ရှိ ဇာတိမာန် လူငယ်စာဖတ်အသင်းအနေနှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၁၀၃ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် သုတမျှဝေခြင်းပွဲတော် ကျင်းပမည်ဖြစ်သည်။
“အောင်ဆန်း”ဟု အမည်ပေးထားသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်အောင်မြင်စွာ ရိုက်ကူးပြသနိုင်ရန် ရိုက်ကူးထုတ်လုပ်ရေး ရုံးခန်းကို ရန်ကုန်မြို့တော် ကမ္ဘာအေး ဘုရားလမ်းရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) တွင် ဇန်နဝါရီလ ၂၈ ရက်က ဖွင့်လှစ်ခဲ့သည်။