News

POST TAGGED AS

ဗိုလ်ချုပ်အောင်ဆန်း

16-Jun-2017

ရုပ်ရှင်
ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် Short Shorts Film Festival & Asia ရုပ်ရှင်ပွဲတော်တွင် တစ်မိုးအောက် မှတ်တမ်းရုပ်ရှင် Grand Prix ဆု ရရှိ
 ရန်ကုန်၊ ဇွန် ၁၅ 

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ယခုလအတွင်း ကျင်းပခဲ့တဲ့ Short Shorts Film Festival & Asia  ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံမှ အမျိုးသမီး ဒါရိုက်တာ မီမီလွင် ရိုက်ကူးတဲ့ တစ်မိုးအောက် (Sugar & Spice) မှတ်တမ်းရုပ်ရှင်က Grand Prix  ဆုရရှိခဲ့ကြောင်း ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့ စီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုသိဒ္ဓိက The Voice ကို ပြောကြားပါတယ်။
“မြန်မာနိုင်ငံက မှတ်တမ်းရုပ်ရှင်တွေကို ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပြလာနိုင်တဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော်တွေ မလုပ်ခင်ကတည်းက မြန်မာနိုင်ငံက မှတ်တမ်းရုပ်ရှင်တွေဟာ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော်တွေမှာ အောင်မြင်မှုတွေ ရနေခဲ့တာပါ” လို့ ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ပြည်တွင်းမှာတော့ ဆင်ဆာနဲ့ ဈေးကွက်အနေအထားအရ မြန်မာလူငယ်ဒါရိုက်တာတွေ ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ယခင်က ကျယ်ကျယ်ပြန့်ပြန့် မပြနိုင်ခဲ့ပေမယ့်  ရုပ်ရှင်ပွဲတော်တွေ ကျင်းပလာခဲ့ပြီး နောက်မှာတော့ မြန်မာလူငယ်ဒါရိုက်တာတွေရဲ့ အရည်အသွေးကို ထုတ်ဖော်ပြသဖို့ အခွင့်အလမ်းတွေ ပိုရလာကြောင်း ကိုသိဒ္ဓိက ဆိုပါတယ်။

ဒါရိုက်တာ မီမီလွင် ရိုက်ကူးတဲ့ ‘တစ်မိုးအောက်’ မှတ်တမ်းရုပ်ရှင်က ရုပ်ရှင်ပွဲတော်ရဲ့ Grand Prix  ဆုအပြင် Grand Prix  qktjyif Asia International  Competion Best Short Award ဆုကိုပါ ရရှိခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့ အကယ်ဒမီ ဆုပေးပွဲမှာလည်း အမည်စာရင်း တင်သွင်းခံရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသမှာ နေထိုင်ပြီး ထန်းရည်မှ ထန်းလျက်ချက်ပြုတ်တဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျာင်း ပြုနေရတဲ့ ဖခင်နဲ့ မိခင်ဖြစ်သူတို့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ‘တစ်မိုးအောက်’ မှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ဝဿန်ရုပ်ရှင်ပွဲတော်မှာလည်း အရှေ့တောင်အာရှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။ 

Short Shorts  Film Festival & Asia 2017 ရုပ်ရှင်ပွဲတော်ကိုတော့ ဇွန်လ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ ယိုကိုဟားမားမြို့တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ယင်းရုပ်ရှင်ပွဲတော်ကိုတော့ ဂျပန်နိုင်ငံမှာ ၁၉၉၉ ခုနှစ် ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး  အာရှဒေသအတွင်းမှာ အကြီးမားဆုံး ရုပ်ရှင်ပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။



FOLLOW US