News

POST TAGGED AS

ဗိုလ်ချုပ်အောင်ဆန်း

အစိုးရက ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဖွဲ့
ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကြန့်ကြာနေသော ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရက နိုဝင်ဘာလ ၂၄ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ကော်မတီအနေနှင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် သမိုင်းဆိုင်ရာ လွဲမှားမှု မရှိစေရေး၊ ရန်ပုံငွေဖြင့် ကိုက်ညီသည့် အရည်အသွေးမီ ဇာတ်ကား ဖြစ်လာစေရေးနှင့် လိုအပ်သည့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေး စသည့်လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။

ယင်းကော်မတီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဥက္ကဋ္ဌ၊ ယင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ကာကွယ်ရေး၊ ပြည်ထဲရေး တာဝန်ရှိသူများ၊ သမိုင်းပညာရှင်များ ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဦးသူရ (ခ) ဦးဇာဂနာနှင့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့လည်း ပါဝင်ဖွဲ့စည်းထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။



FOLLOW US