News

POST TAGGED AS

ဗိမာန်

အာဇာနည်ဗိမာန်အနီး ဒရုန်းတစ်စင်းကိုပစ်ချ
ရန်ကုန်၊ ဇူလိုင် ၂ဝ

ရန်ကုန်မြို့တော်ရှိ အာဇာနည်ဗိမာန်အနီး ဇူလိုင်လ ၁၉ ရက်နေ့ ည ၇ နာရီခန့်က လွှတ်တင်ခဲ့သော ဒရုန်းတစ်စင်းကို Anti 7 Drone ဖြင့် ပစ်ချဖမ်းဆီးခဲ့ကြောင်း ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

“ရွှေတိဂုံဘုရား မြောက်ဘက်မုခ် သွေးဆေးကန်နားကလွှတ်လို့ လုံခြုံရေးအဖွဲ့က ပစ်ချခဲ့တာပါ။ ပုံမှန်အတိုင်းဆိုလည်း ဘုရားလုံခြုံရေးအတွက် လွှတ်ခွင့်မပေးဘူး။ ကန့်သတ်ထားပြီးသားပါ”ဟု ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ယင်းသို့ပစ်ချခဲ့ရာတွင် ဒရုန်းသည် သူရဲကောင်းစစ်သည်ဗိမာန်အတွင်းသို့ ပျက်ကျခဲ့ပြီး စစ်ဆေးကြည့်ရှုရာ၌ Memory Card မပါရှိဘဲ Rakhine Freedom Journalist စာတမ်းပါ P4 အမျိုးအစားဖြစ်ကြောင်း အမှတ် ၂ လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူးရုံးထံမှ သိရသည်။



FOLLOW US