News

POST TAGGED AS

ဗန်းမော်

မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းခွင်မှ မဖယ်ပေးသူကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေး
ဗန်းမော်၊ ဇန်နဝါရီ ၂၇ 

ဗန်းမော်မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် မဖယ်ရှားပေးသူ သဲကျောက်လုပ်ငန်းရှင်တစ်ဦးကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးတွင် ဇန်နဝါရီလ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

လုပ်ငန်းရှင်က မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ဆောင်မည့်နေရာသည် ၎င်းတို့၏ မူလနေရာဖြစ်သောကြောင့် မဖယ်ရှားပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က မြစ်ကမ်းထိန်းသိမ်းရေးနေရာတွင် ၎င်းကို အစားထိုးနေရာပြန်ပေးမည်ဖြစ်ပြီး ၎င်းတို့၏ သဲရောင်းဝယ်ရေးလိုင်စင်မှ အစကူညီပေးမည်ဟု ပြောဆိုသည်။ 

ဗန်းမော်တွင် မြစ်ကမ်းထိန်းသိမ်း နံရံတည်ဆောက်ရေးအတွက် အလျားပေ ၃၀၀၀ ကို ကုမ္ပဏီ ၄ ခုအား ချထားပေးကြောင်း၊ ယင်းလုပ်ငန်းအတွက် ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သန်း ၁၁၉၀ ဖြင့် ဆောင်ရွက်နေပြီး လာမည့်မတ်လကုန်တွင် အပ်နှံရမည်ဖြစ်ကြောင်း ဗန်းမော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ရှင်းပြသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် အင်ခိုင်ဘွမ်ကုမ္ပဏီ လုပ်ဆောင်ရမည့်နေရာတွင် နေထိုင်သူတစ်ဦးက မဖယ်ရှားသဖြင့် လုပ်ငန်းပိုင်း ကြန့်ကြာနေရကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူက ပြောဆိုသည်။



FOLLOW US