News

POST TAGGED AS

ဗင်နီဇွဲလား

အစိုးရအဖွဲ့ အသုံးစရိတ်တောင်းခံမှုမှ ကျပ်ဘီလီယံ နှစ်ရာကျော်ဖြတ်ရန် လွှတ်တော်တင်
နေပြည်တော်၊ ဩဂုတ် ၂၈

အစိုးရအဖွဲ့၏ ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်၏ အသုံးစရိတ်တောင်းခံငွေ ကျပ်ဘီလီယံ နှစ်သောင်းကျော် (သန်းပေါင်း ၂၄၉၅၄၁၆၅ ဒသမ ၉၉၇ ) မှ ကျပ်ဘီလီယံ နှစ်ရာကျော် ( ကျပ်သန်းပေါင်း ၂၂၇၉၆ ဒသမ ၃၇၇ ) ကို ဖြတ်တောက်ရန် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ ငွေစာရင်းပူးပေါင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့က အစီရင်ခံစာဖြင့် တင်ပြလိုက်သည်။

အစိုးရအဖွဲ့၏တင်ပြတောင်းခံသော ဘတ်ဂျက်ကို စိစစ်ရေးပူးပေါင်းအဖွဲ့ စုစုပေါင်း ၂၀ က စိစစ်ခဲ့ခြင်းဖြစ်ပြီး အထက်ပါ ပူးပေါင်းကော်မတီနှစ်ခုက ယင်းကဲ့သို့ အနှစ်ချုပ် တင်ပြလိုက်ခြင်းဖြစ်သည်။

လျှော့ချရန် တင်ပြချက်တွင် အစိုးရအဖွဲ့တစ်ခုလုံး၏ သာမန်ရငွေမှ ကျပ်သန်းပေါင်း ၃၆၁၅၇ ဒသမ ၇၀၀ ၊ ထောက်ပံ့ငွေမှ ကျပ်သန်းပေါင်း ၂၁၅၇ ဒသမ ၂၉၇ နှင့် ငွေလုံးငွေရင်းမှ ကျပ်သန်းပေါင်း ၁၈၉၅၉၁ ဒသမ ၃၈၀ ဖြစ်ပြီး စုစုပေါင်း ကျပ်သန်း ၂၂၇၉၀၆ ဒသမ ၃၇၇ ( ဘီလီယံနှစ်ရာကျော်) ဖြတ်တောက်ရန် တင်ပြခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီဌာန၏ တောင်းခံငွေသည် စိစစ်ပြီးဖြစ်သည့်အပြင် အမှန်တကယ်သုံးရမည့် ငွေပမာဏကိုသာ တင်ပြတောင်းခံထားသည်ဟု ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တင်ပြထားသော်လည်း ပူးပေါင်းကော်မတီက ယင်းဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်သန်း ၁၇၀၀ ကို ဖြတ်တောက်ရန် ထည့်သွင်းထားကြောင်း အစီရင်ခံစာတွင် တွေ့ရှိရသည်။

ပြည်ထောင်စုအစိုးရအနေနှင့် ရငွေတိုးတက်ရရှိအောင် ကြိုးပမ်းရန်နှင့် အသုံးစရိတ်ကိုလည်း စနစ်တကျထိန်းချုပ် လျှော့ချရန် လိုအပ်နေကြောင်း၊ ဌာနဆိုင်ရာ အားလုံးအနေနှင့် အသုံးစရိတ်ကို ချွေတာသုံးစွဲခြင်း၊ ကန်ထရိုက်လုပ်ငန်းအပါအဝင် ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ၏ အသုံးစရိတ်ကို ထိရောက်အောင် စိစစ်သုံးစွဲကြရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ဘတ်ဂျက်တောင်းခံခြင်း ( ဥပဒေကြမ်း) ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးဝင်းက ဇူလိုင် ၂၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်ပြထားခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကျပ်သန်းပေါင်း ၅၇၂၇၁၈၂ ဒသမ ၆၃၀၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၅၅၅၁၂၄၆ ဒသမ ဝ၃၂ နှင့် ကာကွယ်ရးဝန်ကြီးဌာနမှ ၃၂၆၂၈၅၅ ဒသမ ၆၂၇ အဖြစ်တောင်းခံထားပြီး ပညာရေးအသုံးစရိတ်ကို စတုတ္ထအများဆုံးအဖြစ် ကျပ်သန်းပေါင်း ၂၁၇၆၄၈၅ ဒသမ ၈၇၅ တောင်းခံထားသည်ကို တွေ့ရသည်။

၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်အထိ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းကြွေးမြီမှာ ကျပ်ဘီလီယံပေါင်း ၂၀၇၂၅ နှင့် ပြည်ပကြွေးမြီမှာ ကျပ်ဘီလီယံ ၁၃၉၇၄ ဖြစ်နေပြီး ယင်းငွေကြေးတွင် နောက်ကျကြေးများ မပါဝင်သေးကြောင်း ဝန်ကြီး၏ လွှတ်တော်တွင် တင်ပြချက်အရ သိရသည်။  

S-01

 




FOLLOW US