News

POST TAGGED AS

ဗင်နီဇွဲလား

အမေရိကန်၏ လူမျိုးကြီးမူဝါဒနှင့် ထရမ့်အာဏာရှင် အစိုးရဟု ဗင်နီဇွဲလား ဝေဖန်


ကရာကတ်စ်၊ မေ ၈

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ ဗင်နီဇွဲလားအစိုးရအပေါ် မှတ်ချက်များမှာ “လူမျိုးကြီးမူဝါဒများ” သာဖြစ်ပြီး ထရမ့်အာဏာရှင်အစိုးရ၏ ရန်လိုမှုသာဖြစ်သည် ဗင်နီဇွဲလားအစိုးရ မေလ ၆ ရက်နေ့တွင် တုံ့ပြန်ဝေဖန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပေယိုက “ဒီကနေ့ ဗင်နီဇွဲလားက အာဏာရှင်ဟာ သူ့တိုင်းပြည်စီးပွားရေးကို ယိမ်းယိုင်စေပြီး သူ့ပြည်သူတွေကို ငတ်မွတ်အောင်လုပ်နေပါတယ်”ဟု စွပ်စွဲခဲ့ပြီးဗင်နီဇွဲလားမှ ထွက်ပြေးလာသူများကို ကူညီရန် သူ့ဝန်ကြီးဌာနကို ညွှန်ကြားခဲ့သည်။

“မစ္စတာပွမ်ပေယိုဟာ ဗင်နီဇွဲလားရဲ့ ပကတိအခြေအနေအပေါ်မှာ လွဲမှားတဲ့ ပူပန်မှုမျိုး ထားရှိနေပြီး သူတို့ (အမေရိကန်) အစိုးရရဲ့ တစ်ဖက်သက်နိုင်ထက်စီးနင်းပြုတဲ့ အစီအမံတွေရဲ့ ရည်ရွယ်ချက်ရှိရှိသက် ရောက်စေမှုကိုတော့ ဖုံးကွယ်ထားဖို့ကြိုးစားနေပါတယ်”ဟု ဗင်နီဇွဲလားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

လွတ်လပ်ပြီး အမှီအခိုကင်းသော ပြည်သူများ၏ ဆန္ဒနှင့် ရင်ဆိုင်ရသောအခါ ထရမ့်အစိုးရသည့် မူမမှန်သောလှည့်စားမှုများ၊ အထက်စီးဆန်သည့်ဉာဉ်၊ စိတ်ပျက်စရာ နယ်ချဲ့ နိုင်ငံရေးတို့ဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း ဗင်နီဇွဲလားက ဝေဖန်ခဲ့သည်။

၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း တိုင်းပြည်၏ ဆိုရှယ်လစ်စီးပွားရေးစနစ် ကျဆင်းလာသောကြောင့် လူတစ်သန်းခန့်သည် အစာအာဟာရချို့တဲ့မှု၊ ကာကွယ်၍ ရနိုင်သောရောဂါများ ဖြစ်ပွားမှု မြင့်မားလာခြင်းကြောင့် နိုင်ငံကိုစွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂမှတ်တမ်းများက ဖော်ပြသည်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက ထိုဖြစ်ရပ်များသည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများနှင့် အတိုက်အခံများ၏ စီးပွားရေးစစ်ပွဲဆင်နွှဲမှုကြောင့် ဖြစ်ရသည်ဟု စွပ်စွဲထားသည်။ မာဒူရိုသည် လာမည့် မေလ ၂၀ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲ ထပ်ပြိုင်မည်ဖြစ်ပြီး အဓိက အတိုက်အခံအုပ်စုကြီးကမူ ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ အတိုက်အခံများထဲမှာ ဟင်နရီဖယ်လ်ကွန်ဆိုသူသာ သပိတ်လှန်ပြီး မာဒူရိုနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

F-03



FOLLOW US