News

POST TAGGED AS

ဗင်နီဇွဲလား

ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတမာဒူရို အစိုးရက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် တွေ့ဆုံဆွေးနွေးရေးကို လိုလားကြောင်း ပြသသည့်အနေနှင့် ထောင်ကျနေသော အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူ အချို့ကို လွှတ်ပေးခဲ့သော်လည်း အတိုက်အခံအမတ်များကမူ အာဏာရှင် မင်းဆိုးမင်းညစ်၏ စိတ်ရင်းမပါသော ဟန်လုပ်သရုပ်ပြမှုဖြစ်သည်ဟု ဝေဖန်ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပပြုလုပ်သော အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် သမ္မတ နစ်ကိုးလပ်စ်မာဒူရိုပင် ပြန်လည် ရွေးကောက်တင်မြှောက်ခံလိုက်ရကြောင်း၊ သို့သော် ရွေးကောက်ပွဲဖြစ်စဉ်နှင့် မဲရေတွက်မှု၌ မသမာမှုများရှိသည်ဟု ပြိုင်ဘက်နိုင်ငံရေးအင်အားစုများက စွပ်စွဲပြီး ရွေးကောက်ပွဲသစ်တစ်ရပ် ထပ်မံကျင်းပရန် တိုက်တွန်းထားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ ဗင်နီဇွဲလားအစိုးရအပေါ် မှတ်ချက်များမှာ “လူမျိုးကြီးမူဝါဒများ” သာဖြစ်ပြီး ထရမ့်အာဏာရှင်အစိုးရ၏ ရန်လိုမှုသာဖြစ်သည် ဗင်နီဇွဲလားအစိုးရ မေလ ၆ ရက်နေ့တွင် တုံ့ပြန်ဝေဖန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုသည် အထွေထွေရွေးကောက်ပွဲကို သမ္မတရွေးကောက်ပွဲနှင့် တစ်ရက်တည်း ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပရန် အချိန်စောခေါ်ယူခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
ကိုလံဘီယာသမ္မတ ဂျူအန်းမန် နူရယ်ဆန်းတော့စ်က နယ်စပ်လုံခြုံရေး တင်းကျပ်လိုက်ပြီးနောက်တွင် ဗင်နီဇွဲလားပြည်သူ ထောင်ပေါင်းများစွာသည် ကိုလံဘီယာနယ်စပ်ကို ဖြတ်ကူးရန် သုတ်ခြေတင်နေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဗင်နီဇွဲလားနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း ကြီးစွာဆိုက်ရောက်နေခြင်း၊ အခြေခံလူသုံးကုန် ရှားပါးပြတ်လပ်ခြင်းနှင့် အစိုးရကို မလိုလားသူများအား နှိပ်ကွပ်နေခြင်းတို့ကြောင့် ပြည်သူသန်းဝက်ခန့် အစုလိုက်အပြုံလိုက် ကိုလံဘီယာနယ်စပ်ဘက်သို့ တိမ်းရှောင်ခိုလှုံလျက် ရှိကြကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
18-Sep-2017 tagged as ဗင်နီဇွဲလား
ဗင်နီဇွဲလားနိုင်ငံမှာ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်လို့ ပြည်သူတွေ အခက်အခဲ တွေ့ချိန်မှာ အစိုးရက အကြံကောင်းတစ်ခု ပေးခဲ့ပါတယ်။
14-Aug-2017 tagged as ဗင်နီဇွဲလား
ဗင်နီဇွဲလား ပြည်တွင်းနိုင်ငံရေးပဋိပက္ခကို စစ်ရေးဖြင့် အရေးယူဆောင်ရွက်ရန် စဉ်းစားလျက်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့မှုကို တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ကြီးဖြစ်သည့် မာကိုဆာက ကန့်ကွက်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
တောင်အမေရိကမှ ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရနှင့် အစိုးရ အတိုက်အခံ အင်အားစုများအကြား တင်းမာမှုအတွက် ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဖြေရှာကြရန် ဗင်နီဇွဲလား ပြည်သူအားလုံးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရီစ်က တိုက်တွန်းလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။
ဗင်နီဇွဲလား အတိုက်အခံ အင်အားစုများအနက် ဟက်ကာအုပ်စုတစ်စုက အစိုးရဌာနများ၏ ဝက်ဘ်ဆိုက်များကို ယမန်နေ့က စတင်တိုက်ခိုက်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။