News

POST TAGGED AS

ဖိလစ်ပိုင်

27-Aug-2017 tagged as ဖိလစ်ပိုင်
အစားအသောက် နည်းပညာ ကုန်ထုတ်ဓာတု ဘွဲ့ရတစ်ဦး အနေနှင့် ရဲအရာရှိ ဘဝထက် ပိုမိုသက်သောင့်သက်သာ ရှိသော အလုပ်ကို ရနိုင်သော်လည်း ရဲတစ်ဦးဘဝကို ခုန်မင်စွာ သူမခံယူခဲ့ပါသည်။ အမျိုးသမီးများ ကလေးများနှင့် လက်တွဲလျက် ရပ်ရွာကောင်းကျိုးကို ဆောင်ရွက်နေသည်။ သူမသည် ကိုယ့်ဘဝကိုယ် ကျေနပ်သည်။ ရဲတစ်ဦး ဖြစ်ရသည်ကိုလည်း ဂုဏ်ယူသည်။ ယခုဆိုလျှင် သူမ၏ ရဲဝန်ထမ်း သက်တမ်းက နှစ် ၂၀ ကျော်သွားခဲ့လေပြီ။
25-Aug-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် ပထမဆုံးအကြိမ် ဓာတ်ပုံတွဲရိုက်ရာတွင် ဒူတာတေးကဲ့သို့ လိုက်လံပြီး လက်သီးဆုပ်ပြခဲ့မိသည့်အတွက် သြစတြေးလျ ထောက်လှမ်းရေး အကြီးအကဲ နစ်ဝါနာကို ဝေဖန်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
13-Aug-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံတွင် တံငါလုပ်ငန်း လုပ်ကိုင်ကြသော ကျွန်းငယ်လေးများစွာ ရှိပါသည်။ ကျွန်းတိုင်းတွင် အစိုးရက ကျောင်းမဆောက်ပေးနိုင်သေးပါ။ ချောင်းဖြတ်မြောင်းဖြတ်ပြီး ကျောင်းများသို့ ကလေးများ သွားရပါသည်။ ကလေးများ ပုလင်းကွဲရှခြင်း၊ ရေလျှံသဖြင့် ကျောင်းမလာနိုင်ခြင်းများက မကြာခဏ ဖြစ်သည်ဟု ဆရာ ဆရာမများက ဆိုပါသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ‘အရူး’၊ ‘ခွေးမသား’ } ဖြစ်သည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဝေဖန်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။
01-Aug-2017 tagged as ဖိလစ်ပိုင်
တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဆက်နွှယ်သည်ဟု သမ္မတဒူတာတေး၏ စွပ်စွဲခြင်းခံရသူ ဖိလစ်ပိုင် မြို့တော်ဝန်သည် ရဲတပ်ဖွဲ့၏ စီးနင်းမှုတွင် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
07-Jul-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် IS ကဲ့သို့ လှုပ်ရှားနေသော ဖိလစ်ပိုင် မွတ်ဆလင်သူပုန်များက မြို့တစ်မြို့ကို သိမ်းခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းမည်ဟု ပြောဆိုခဲ့ပြီးနောက် မဆွေးနွေးဖြစ်တော့ကြောင်း၊ တစ်ဖန် ပြန်လည်ဆွေးနွေးမည် စသဖြင့် အကြိမ်ကြိမ် ပြောင်းလဲပြောဆိုခဲ့သည်ကို Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့က မြန်မာသံရုံးမှတစ်ဆင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် ကမ်းလှမ်းချက်အရ ဧည့်မထဆန် ၂၅ မှတ် အမျိုးအစား ဆန်တန်ချိန် ငါးသောင်းကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
23-Jun-2017 tagged as ဖိလစ်ပိုင် IS
အစ္စလာမ္မစ်စစ်သွေးကြွများသည် ဖိလစ်ပိုင်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာကို တစ်ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ကျောင်းတစ်ကျောင်းအတွင်း ဓားစာခံ ၃၁ ဦးကိုပါ ယာယီဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။
12-Jun-2017 tagged as ဖိလစ်ပိုင် IS
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ IS နှင့် အချိတ်အဆက်ရှိ စစ်သွေးကြွများ လက်အောက် ရောက်ရှိနေသော မာရာဝီမြို့ကို ပြန်သိမ်းရန် ဖိလစ်ပိုင်စစ်တပ်ကို အမေရိကန် အထူးတပ်ဖွဲ့များက အကူအညီပေးနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
26-May-2017 tagged as ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒေသရှိ အစ္စလာမ္မစ်စစ်သွေကြွများ သိမ်းယူထားသော မာရာဝီမြို့ကို ပြန်လည်သိမ်းပိုက်ရန် ဖိလစ်ပိုင်စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အထူးတပ်ဖွဲ့များကို တပ်ဖြန့်လိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။