News

POST TAGGED AS

ဖိလစ်ပိုင်

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် တနင်္ဂနွေနေ့တွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဂျေရုစလင်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းနှင့် စစ်ရေးအကူအညီကိုသာ ကာလရှည်မှီခိုနေရမှုကို လျှော့ချရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း AFP သတင်းဌာနကဖော်ပြသည်။
ဖိလစ်ပိုင်နိုင်ငံမှ မြို့တော်ဝန် အန်တိုနီယိုဟာလီလီသည် အလံတင် အခမ်းအနားတစ်ခုတွင် ပစ်သတ်ခံလိုက်ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ သတ်ဖြတ်နေသည့်ကိစ္စအများစုမှာ ငွေကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးဟောင်းကပြောကြားသည်။ သူတို့ထံတွင် မူးယစ်ဆေးသံသယဖြင့် စောင့်ကြည့်နေသည့် စာရင်းဝင်များရှိနေကြောင်း၊ ထိုသူများမှသူတို့၏ ငွေတွင်းများဖြစ်နေပြီး သူတို့နှင့် မပူးပေါင်းလျှင် အပျောက်ရှင်းပစ်သည့် စနစ်ကို ကျင့်သုံးနေကြောင်းလည်း သိရသည်။
ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ်များ တပ်စွဲမှုအပေါ် အလွန်စိုးရိမ်မိကြောင်း ဖိလစ်ပိုင်ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် သင့်လျော်သော သံတမန်ရေးဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရိုဒရီဂိုဒူတာတေး၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့က ကမ္ဘာ့နိုင်ငံ အတော်များများတွင် အလုပ်သမားများနှင့် အစိုးရ အတိုက်အခံများက ချီတက်ဆန္ဒပြခဲ့ကြရာ အချို့သော ဆန္ဒပြပွဲများသည် ဆူပူအုံကြွမှုအသွင် ဆောင်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ခဲ့သော်လည်း အချို့မှာမူ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ဆန္ဒပြပွဲပုံစံမျိုးဖြစ်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သည်များအတွက် အဓမ္မလိင်ကျွန်ပြုခံခဲ့ရသော အမျိုးသမီးများအား အောက်မေ့ဖွယ်အထိမ်းအမှတ်ရုပ်တုကို မြို့တော် မနီလာ၊ ကမ်းခြေ စင်္ကြံလျှောက်လမ်းမှ ဖယ်ရှားလိုက်သည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက မကျေမနပ်ကန့်ကွက်ခဲ့ကြကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အခြားနိုင်ငံများလည်း အလားတူ နုတ်ထွက်ကြရန် တိုက်တွန်းခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်လက ဒူတာတေး၏ အသေအပျောက်များသော မူးယစ်စစ်ပွဲကို စုံစမ်းစစ်ဆေးမည်ဟု ICC က ကြေညာထားသည်။
06-Mar-2018 tagged as ဖိလစ်ပိုင်
ရွေးကောက်ပွဲရလဒ်သည် အပြိုင်အဆိုင်နှင့် အကျပ်အတည်းဖြစ်နေချိန်၌ စစ်တပ်ကကြားဝင်လာမည်ဟု ထင်နေကြသည်။ အားလုံးကလည်း စစ်တပ်ကို မားကို့စ်ဘက်တွင် ရှိနေမည်ဟုထင်နေကြသည်။ စစ်တပ်ကလည်း အရေးပါသည့် လေဆိပ်၊ စစ်စခန်းများတွင် အသင့်အနေအထားကို ပြင်ဆင်နေကြသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး အန်ရီလီနှင့် ရာမို့စ်တို့က အာဂူနယ်ဒိုစစ်စခန်းတွင် သတင်းစာရှင်းလင်းပွဲလုပ်သည်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ အစ္စလာမ္မစ်နိုင်ငံတော် ISIS ဆက်စပ်သော စစ်သွေးကြွများ ဝင်ရောက်သွားနိုင်ရန်အတွက် ကူညီပေးခဲ့သော ဖိလစ်ပိုင်နိုင်ငံသား ခုနစ်ဦးနှင့် မလေးရှားနိုင်ငံသား ၃ ဦးတို့ကို မလေးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်လွန်မှုဖြင့် မိမိကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ထောင်ဒဏ်ထက် သေဒဏ်စီရင်သည့်တပ်ဖွဲ့ဖြင့် ပစ်သတ်ခံရခြင်းကို လိုလားသည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။