News

POST TAGGED AS

ဖားကန့်

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်နှစ်ခုတို့ ထိစပ်လျက်ရှိသော ကမ်းပါးတစ်ခု မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်က ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေသူနှစ်ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်​။
14-May-2018 tagged as ဖားကန့်
လုပ်ခလစာကိစ္စ ညှိနှိုင်းရာမှ အဆင်မပြေဖြစ်ပြီး ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီ မီးရှို့ခံရမှုတွင် ရဲတပ်ဖွဲ့နှင့် အလုပ်သမားတို့ ပဋိပက္ခဖြစ်ရာမှ အလုပ်သမားတစ်ဦး သေဆုံးပြီး ၄၉ ဦးဖမ်းဆီးခံရကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။
ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်တွင် မေလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က မောက်တောင်တစ်ခု မြေပြိုကျမှုကြောင့် ရေမဆေးသမား ၁၈ ဦး သေဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများကို မေလ ၄ ရက်နေ့ ညနေပိုင်းက အပြီးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယင်းရှာဖွေရေး လုပ်ဆောင်သူများထံမှ သိရသည်။
ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက် ၃ နာရီခွဲခန့်က မောက်တောင်တစ်ခုပြိုကျခဲ့ပြီး ​ရေမ​ဆေး​ကျောက်​ရှာသူများပိမိ​ကာ သေဆုံးမှုများနိုင်​ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာရှိ ငြိမ်းချမ်းသာယာနယ်မြေ၌ တန်ဖိုးရှိ နှစ်ရှည်ပင်မျိုးဖောက်သည့် ပျိုးဥယျာဉ်ခြံတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် Green Land အဖွဲ့ထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အောက်ချိုင့်ရပ်ကွက်ရှိ မြေနေရာကို ကုမ္ပဏီများက သိမ်းဆည်းထားသည်ဟုဆိုကာ ဧပြီလ ၂ ရက်နေ့ နံနက်က မြစ်ကြီးနားမြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
28-Mar-2018 tagged as ဖားကန့်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရတနာနယ်မြေမှ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကျောက်စိမ်းအရိုင်း အခွန်ကောက်ခံခဲ့ရာ နိုင်ငံတော်အစိုးရနှင့် အကျိုးတူ လုပ်ကွက်များနှင့် ပုဂ္ဂလိက လုပ်ကွက်များမှ စုစုပေါင်း ကျပ်သန်းပေါင်း ငါးသောင်းကျော်ရရှိခဲ့ကြောင်း ကချင်ပြည်နယ်၊ သယံဇာတနှင့် သဘာဝ ပတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလအောင်က ပြောကြားသည်။
ကျောက်စိမ်းတူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရင်ဆိုင်နေရသည့် ဖားကန့်​ဒေသတွင် သဘာဝ ပတ်ဝန်းကျင်​ ထိန်း​သိမ်း​ရေးနှင့် ​ရေအရင်းအမြစ်​ ကောင်းမွန်​​စေရေးအတွက်​ ရည်ရွယ် စိုက်ပျိုးခဲ့သည့် သစ်​ပင်​​ပေါင်းငါးသောင်း ကျော်အနက် လက်ရှိနှစ်သောင်းကျော် ရှင်သန်ခဲ့ကြောင်း ဖားကန့်ဒေသအ​ခြေစိုက်​ Green Land သဘာဝ ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးအဖွဲ့ထံမှ သိရသည်​။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကန်ခါမှော်ရှိ စုပေါင်းမြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ၌ မြေနေရာမှာ အန္တရာယ်ရှိနေသောကြောင့် ရှာဖွေ ရေးလုပ်ငန်းများကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူများထံမှ သိရသည်။
ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့သည့် ကျောက်မျက်ဥပဒေကြမ်း (၂၀၁၇) ကို ကန့်ကွက်ကြောင်း ဖားကန့်ဒေသခံ ၁၀၀ ကျော်က မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။