News

POST TAGGED AS

ဖမ်းဆီးမှု

သာစည်တွင် သိန်း ၃၀ ကျော်တန်ဖိုးရှိ ပိတောက်ခွဲသားများ ဖမ်းမိ


မိတ္ထီလာ၊ မတ် ၁

သာစည်မြို့နယ် ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်အနီးတွင် ကျပ်သိန်း ၃၀ ကျော် တန်ဖိုးရှိ ပိတောက်သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း  ယင်းမြို့နယ် သစ်တော ဦးစီးဌာနထံမှ သိရသည်။

ပူးပေါင်းစစ်ဆင်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းက တောင်ကြီး - မိတ္ထီလာ ကားလမ်းပေါ်တွင် သွားလာနေသော ယာဉ်များကို စစ်ဆေးနေစဉ် ပြောင်းဖူးရိုးအိတ်များ၊ ပီပါခွံများဖြင့် ဖုံးကွယ်တင်ဆောင်လာသော ကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ ပိတောက်ခွဲသားများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရလည်း  သိရသည်။

အေးသာယာမြို့တွင်နေထိုင်သော ယာဉ်မောင်း မောင်ဖန် (ခ) မောင်ခိုင်၊ ယာဉ်နောက်လိုက် စောထက်နိုင်ကျော်တို့ လိုက်ပါလာသော ၂၂ ဘီးတပ်ယာဉ်ပေါ်၌  ပြောင်းဖူးရိုးအိတ် ၁၂၅ လုံး၊ ပီပါခွံ ၅၀ လုံး တို့ အပါအဝင် အလေးချိန်  ၁၃ ဒသမ ၁၇၁ တန်ရှိ ပိတောက်ခွဲသား  ၁၀၆ ချောင်း သိမ်းဆည်းရမိခဲ့သည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ 

လက်ရှိတွင် ပိတောက်ခွဲသားတင်ဆောင်လာသူနှစ်ဦးကို ယင်းမာပင် ရဲစခန်းက (ပ) ၈/၂၀၁၈ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-01 



FOLLOW US