POST TAGGED AS

ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံတွင် ထုတ်ဝေနေသည့် သတင်းစာပေါင်း ၂၃၃ စောင်ရှိသည်။ တစ်စောင်မှ အစိုးရပိုင်မရှိ။ အားလုံး ပုဂ္ဂလိကသတင်းစာများ ဖြစ်ကြသည်။ နိုင်ငံရေးပါတီကပိုင်ဆိုင်သည့် သတင်းစာလည်း တစ်စောင်မှမပါပေ။ ထုတ်ဝေသည့် သတင်းစာအားလုံးသည့် ဖင်လန်သတင်းစာအဖွဲ့ Finnish Newspapers Association (FNA) အဖွဲ့ကြီး၏ အရိပ်အောက်တွင် အားလုံးခိုလှုံကာ သတင်းစာထုတ်နေကြခြင်းဖြစ်သည်။ များသောအားဖြင့် ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝများနှင့် လူမှုရေးဆိုင်ရာသတင်းများကို ထုတ်ဝေနေကြသော သတင်းစာများလည်း ဖြစ်ကြသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လက ဖင်လန်နိုင်ငံသည် အခြေခံပညာကဏ္ဍ၏ သင်ရိုးများကို အသစ်ပြုပြင်ပြောင်းလဲခဲ့သည်။ သူတို့ဦးတည်ထားသည်က အနာဂတ်ပညာရေးတွင် ကျောင်းသားများသည် ကမ္ဘာ့အဆင့်ပညာရေးကို လက်လှမ်းမီစေရေးဖြစ်သည်။ ထို့ကြောင့်လည်း သင်ရိုးများ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဥရောပတွင် ဖင်လန်ပညာရေးစနစ်သည် အဘယ်ကြောင့် အကောင်းဆုံးဖြစ်ရသနည်း။ အလွန်သေးငယ်သော နိုင်ငံလေးတစ်နိုင်ငံ၏ ပညာရေးစနစ်က အံ့မခန်းပင်။ ကစားရင်း ပညာရှာခိုင်းသည်။ အုပ်စုဖွဲ့ပြီး လူမှုရေးအသိတွေကို ထူထောင်ခိုင်းသည်။ ကျောင်းတွင်းကထွက် ကျောင်းပြင်လှုပ်ရှားမှုတွေက ပိုများသည်။ ကလေးတွေ စိတ်ဝင်စားသည့် အကြောင်းအရာကို လိုက်သင်သည်။ ကျောင်းသုံးပြဋ္ဌာန်းချက်ဆိုသည့် ဖတ်စာအုပ်ဖြင့် ကျောင်းသားကို ချုပ်နှောင်ထားခြင်းကို ဆန့်ကျင်သည်။ အိမ်စာလုံးဝမပေးသည့် ပညာရေးစနစ်က အဘယ်ကြောင့် ထိပ်တန်းပညာရေး ဖြစ်နေရသနည်း။