News

POST TAGGED AS

ဖင်လန်နိုင်ငံ

“ဖင်လန်သည် စာဖတ်သူများ၏နိုင်ငံ” ဖြစ်ကြောင်း အတည်ပြုနိုင်သည့်အချက်ကို ကုလသမဂ္ဂက ၂၀၁၆ ခုနှစ်ကတည်းက ထုတ်ပြန်ပေးထားသည်။ ကုလသမဂ္ဂက ဖင်လန်ကို ကမ္ဘာ့စာအတတ်ဆုံးနှင့် စာအဖတ်ဆုံးအဖြစ် အသိအမှတ်ပြုထားသည်။ တစ်နှစ်တွင် လူပေါင်း ၅ ဒသမ ၅ သန်းသည် စာအုပ်ပေါင်း ၆၈ သန်းကို စာကြည့်တိုက်များက ငှားဖတ်နေကြသည်။ သူတို့လူမျိုးတွေက အစိုးရကဖွင့်လှစ်ထားသည့် စာကြည့်တိုက်များကို အားကိုးအားထားစရာ နေရာများအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့်လည်း ပညာရေးတွင် ထိပ်တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဘဝတွင် ရပ်တည်နေရခြင်းဖြစ်သည်။
ဖင်လန်နိုင်ငံပညာရေးက လက်ရှိအနေအထားတွင် နာမည်ကျော်နေသဖြင့် လေ့လာမကုန်နိုင်အောင် ဖြစ်နေပါသည်။ နိုင်ငံတကာမှ ပညာရှင်များကလည်း သွားရောက်လေ့လာဆဲဖြစ်သည်။ ဖင်လန်က ယခုထွင်လိုက်ပြန်ပြီ။ ကျောင်းများတွင် သင်ကြားမည့် ဘာသာရပ်များကို ဖယ်ရှားဦးမည်ဟု ဆိုလိုက်ပြန်သည်။ အစဉ်အဆက်ကျောင်းတွင် ဘာသာရပ်ဗဟိုပြုကာ သင်ကြားလာနေသူများ မျက်လုံးပြူးကုန်မည်ထင်သည်။
ဖင်လန်နိုင်ငံသည် ကမ္ဘာက စောင့်ကြည့်ရလောက်အောင် ပညာရေးတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပါသည်။ ပညာရေးတွင် ဆန်းသစ်တီထွင်သည် လုပ်ဆောင်နိုင်စွမ်းများနှင့် အကောင်အထည်ဖော်နိုင်မှုများကြောင့်လည်း ၂၁ ရာစု ပညာရေးနှင့်အံဝင်သည့် ပညာရေးစနစ်ဖြစ်နေပြီး အနာဂတ်အတွက် ပညာရေးကို လမ်းစဖော်ဆောင်နေသည့်အတွက် လေ့လာအတုယူစရာဖြစ်သည်။
ဖင်လန်နိုင်ငံတွင် KG (Kindergarten) သင်ဆရာ၊ လက်မှုပညာသင်ဆရာ၊ ဂီတဆရာ စသည်ဖြင့် ခွဲခြားထားမှုများ ရှိပါသည်။ ထိုသို့ ကွဲပြားရခြင်းမှာ သူတို့ အထူးပြုယူလာသည့် သင်ရိုးနှင့်ပညာရပ်များကြောင့်ဖြစ်သည်။ စာသင်ခန်းများအတွင်း၌လည်း သီးခြားဘာသာရပ်ဆိုင်ရာ ဆရာများကို ခွဲခြားထားပါသေးသည်။
ဖင်လန်နိုင်ငံတွင် နိုင်ငံတော်အဆင့်အနေနှင့် သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲမှုများ လုပ်နေကြသည်။ သူတို့ပြုပြင်ပြောင်းလဲနေသည့် ပညာရေးကို (Phenomenon-based Learning) ဟု ခေါ်ကြသည်။ ထိုပညာရေးက ကျောင်းသားများကို ၂၁ ရာစုနှင့်ကိုက်ညီသည့် ကျွမ်းကျင်မှု ပညာရေးကို ဦးစားပေး လုပ်ဆောင်ရန်ဖြစ်သည်။ ထို့ကြောင့် ပညာရေးကို စနစ်တကျ ပြုပြင်ပြောင်းလဲနိုင်စေရန် စီစဉ်နေကြသည်။
ဖင်လန်နိုင်ငံတွင် ထုတ်ဝေနေသည့် သတင်းစာပေါင်း ၂၃၃ စောင်ရှိသည်။ တစ်စောင်မှ အစိုးရပိုင်မရှိ။ အားလုံး ပုဂ္ဂလိကသတင်းစာများ ဖြစ်ကြသည်။ နိုင်ငံရေးပါတီကပိုင်ဆိုင်သည့် သတင်းစာလည်း တစ်စောင်မှမပါပေ။ ထုတ်ဝေသည့် သတင်းစာအားလုံးသည့် ဖင်လန်သတင်းစာအဖွဲ့ Finnish Newspapers Association (FNA) အဖွဲ့ကြီး၏ အရိပ်အောက်တွင် အားလုံးခိုလှုံကာ သတင်းစာထုတ်နေကြခြင်းဖြစ်သည်။ များသောအားဖြင့် ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝများနှင့် လူမှုရေးဆိုင်ရာသတင်းများကို ထုတ်ဝေနေကြသော သတင်းစာများလည်း ဖြစ်ကြသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လက ဖင်လန်နိုင်ငံသည် အခြေခံပညာကဏ္ဍ၏ သင်ရိုးများကို အသစ်ပြုပြင်ပြောင်းလဲခဲ့သည်။ သူတို့ဦးတည်ထားသည်က အနာဂတ်ပညာရေးတွင် ကျောင်းသားများသည် ကမ္ဘာ့အဆင့်ပညာရေးကို လက်လှမ်းမီစေရေးဖြစ်သည်။ ထို့ကြောင့်လည်း သင်ရိုးများ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဥရောပတွင် ဖင်လန်ပညာရေးစနစ်သည် အဘယ်ကြောင့် အကောင်းဆုံးဖြစ်ရသနည်း။ အလွန်သေးငယ်သော နိုင်ငံလေးတစ်နိုင်ငံ၏ ပညာရေးစနစ်က အံ့မခန်းပင်။ ကစားရင်း ပညာရှာခိုင်းသည်။ အုပ်စုဖွဲ့ပြီး လူမှုရေးအသိတွေကို ထူထောင်ခိုင်းသည်။ ကျောင်းတွင်းကထွက် ကျောင်းပြင်လှုပ်ရှားမှုတွေက ပိုများသည်။ ကလေးတွေ စိတ်ဝင်စားသည့် အကြောင်းအရာကို လိုက်သင်သည်။ ကျောင်းသုံးပြဋ္ဌာန်းချက်ဆိုသည့် ဖတ်စာအုပ်ဖြင့် ကျောင်းသားကို ချုပ်နှောင်ထားခြင်းကို ဆန့်ကျင်သည်။ အိမ်စာလုံးဝမပေးသည့် ပညာရေးစနစ်က အဘယ်ကြောင့် ထိပ်တန်းပညာရေး ဖြစ်နေရသနည်း။