News

POST TAGGED AS

ပဲ

20-Dec-2017 tagged as ဧရာဝတီ ပဲ
မတ်ပဲ၊ ပဲတီစိမ်းအပါအဝင် ပဲစင်းငုံတို့ဖြင့် ပြုလုပ်ထားသည့် ဟင်းလျာ၊ မုန့်မျိုးစုံနှင့် အကြော်အလှော်များ တည်ခင်းသည့် ပဲစားပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ဇန်နဝါရီလ ဒုတိယပတ်၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
15-Dec-2017 tagged as ပဲ
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တောင်သူများလက်ဝယ်၌ ကျန်ရှိနေသေးသော မတ်ပဲအဟောင်းလက်ကျန်များကို ရောင်းချရန် ဆန္ဒရှိမည်ဆိုပါက မတ်ပဲအသစ်မပေါ်မီ လက်ရှိပေါက်ဈေးဖြင့် ရောင်းချသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပြောကြားသည်။
07-Dec-2017 tagged as ပဲ
အိန္ဒိယနိုင်ငံက ဝယ်ယူမှု ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဈေးနှုန်း ဆက်တိုက် ကျဆင်းနေသော ပြည်ပပို့ ပဲမျိုးစုံဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံအချို့က ပြန်လည်ဝယ်ယူမှုကြောင့် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသောင်းကျော်ခန့်ထိ ပြန်လည် မြင့်တက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။
အိန္ဒိယက ပဲဝယ်ယူမှု ရပ်ဆိုင်းထားခြင်းကြောင့် ပဲဈေး အဆမတန် ကျဆင်းခြင်းကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းက သတ်မှတ်ဈေးနှုန်းဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ဝယ်ယူပေးနေမှုသည် တန်ချိန် လေးထောင်နီးပါးခန့်ရှိပြီဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
အစိုးရချင်းညှိနှိုင်းရေး လက်မှတ် (G to G)စနစ်ဖြင့် မြန်မာ့ပဲကို ပြန်လည် ဝယ်ယူနိုင်ရန် ပဲဝယ်ယူရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန် အိန္ဒိယက စီစဉ်နေသော်လည်း ပဲစင်းငုံအသစ်များ ထွက်ပေါ်မည့်ကာလအထိပင် ပြန်လည်ဝယ်ယူဖွယ် မရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။
28-Oct-2017 tagged as ပဲ
ပြည်ပနိုင်ငံအချို့က ဝယ်ယူလာခြင်းကြောင့် ပြန်လည် မြင့်တက်လာသော ပဲဈေးနှုန်းများသည် အောက်တိုဘာလ ၂၆ ရက် ၂၈ ရက်နေ့အထိ သုံးရက်အတွင်း ပဲတစ်တန်လျှင် ကျပ်ခြောက်သောင်းခွဲခန့် ဈေးတက်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။
25-Oct-2017 tagged as ပဲ
ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ပဲစင်းငုံအသစ်များ ထွက်ပေါ်လာတော့မည်ဖြစ်ရာ ယင်းကာလအတွင်း ပဲ ဈေးနှုန်းများ ဆက်လက် ကျဆင်းနေပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစိုးရများက ဝယ်ယူပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
23-Oct-2017 tagged as ပဲ
ဆက်တိုက် ကျဆင်းနေသော ပဲဈေးနှုန်းများသည် အောက်တိုဘာလ သုံးပတ်တာကာလအတွင်း ပဲစင်းငုံတစ်တန်လျှင် ကျပ်ကိုးသောင်းခြောက်ထောင်ခန့်နှင့် မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသောင်းနီးပါးအထိ ဈေးကျဆင်းကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။
18-Oct-2017 tagged as ပဲ
ပဲဈေးများ ဆက်တိုက်ကျနေခြင်း ကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုနသည်များအသင်းက ဝယ်ယူပေးနေသည့် သတ်မှတ်ဈေးနှုန်းများအတိုင်း ပဲလာရောက် ရောင်းချမှုသည် ရက်ပိုင်းအတွင်း ပဲမျိုးစုံတန်ချိန် တစ်သောင်း သုံးထောင်ကျော်ရှိကြောင်း ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။
11-Oct-2017 tagged as ပဲ အိန္ဒိယ
အိန္ဒိယသို့တင်ပို့ခွင့် အကျပ်အတည်း ဖြစ်နေသော မြန်မာ့ပဲမျိုးစုံကို ဝယ်ယူရန် နီပေါနိုင်ငံဘက်က ကမ်းလှမ်းထားပြီး မည်သည့် ပဲအမျိုးအစားများကို ဝယ်ယူမည်ကို ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။