News

28-Oct-2017

ပဲ
သုံးရက်အတွင်း ပဲဈေး ကျပ်ခြောက်သောင်းခွဲခန့်တက်

ရန်ကုန်၊ အောက်တိုဘာ ၂၈

ပြည်ပနိုင်ငံအချို့က ဝယ်ယူလာခြင်းကြောင့် ပြန်လည် မြင့်တက်လာသော ပဲဈေးနှုန်းများသည် အောက်တိုဘာလ ၂၆ ရက် ၂၈ ရက်နေ့အထိ သုံးရက်အတွင်း ပဲတစ်တန်လျှင် ကျပ်ခြောက်သောင်းခွဲခန့် ဈေးတက်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါပဲဈေးနှုန်းများသည် သုံးရက် အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၃၉,ဝ၀ဝ ခန့်၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၅,ဝ၀ဝ ခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၂၈,ဝ၀ဝ ခန့်အထိ မြင့်တက်ပြီး အရောင်းအဝယ် ကောင်းမွန်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့က ဝယ်ယူလာခြင်းကြောင့် မြင့်တက်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက် နေ့က ပဲတစ်တန်လျှင် ကျပ် ၁၄,ဝ၀ဝ မှ ၂၅,ဝ၀ဝ အထိမြင့်တက်နေရာမှ ၂၇ ရက်နေ့တွင် ပဲတစ်တန်လျှင် ကျပ် ၁၄,ဝ၀ဝ မှ ၄၀,ဝ၀ဝ ခန့်ထိ ဆက်လက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပဲမျိုးစုံဈေးကွက်အတွင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် မတ်ပဲကို ပိုမိုဝယ်ယူကြပြီး တန်ချိန် သောင်းနှင့်ချီ၍ ဝယ်ယူကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း0ထံမှ သိရသည်။

ပဲဈေးကွက်အတွင်း ယခင်က မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၄၅၁,ဝ၀ဝ ခန့်မှ ယခုအခါ ကျပ် ၄၉၀,ဝ၀ဝ ခန့်သို့ လည်းကောင်း၊ မတ်ပဲ (SQ) တစ်တန် လျှင် ယခင်က ကျပ် ၆၂၈,ဝ၀ဝ မှ ယခု အခါ ကျပ် ၆၉၃,ဝ၀ဝ ခန့်သို့လည်းကောင်း၊ ပဲစင်းငုံတစ်တန်လျှင် ယခင်က ကျပ် ၃၀၆ç,၀ဝ ခန့်မှ ယခုအခါ ကျပ် ၃၃၄,ဝ၀ဝ ခန့်သို့လည်းကောင်း ဈေးနှုန်းများ မြင့်တက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက် အတွင်းမှ သိရသည်။

S-04

  • VIA


FOLLOW US