News

23-Aug-2017

ပဲ
ဘုရင့်နောင် ပဲဈေးကွက် ဒုတိယနေ့ ဆက်ပိတ်
ရန်ကုန်၊ သြဂုတ် ၂၃

အိန္ဒိယဂယက်ကြောင့် ဘုရင့်နောင် ပဲဈေးကွက်သည် ဈေးနှုန်းဖွင့်နိုင်ခြင်း မရှိဘဲ ဒုတိယနေ့အဖြစ် ယနေ့ (သြဂုတ်လ ၂၃ ရက်)တွင် ထပ်မံပိတ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

အိန္ဒိယနိုင်ငံဘက်က ပဲစင်းငုံဝယ်ယူခွင့် ကန့်သတ်ခြင်းအပြင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကိုပါ တင်ပို့ခွင့် ထပ်မံ ကန့်သတ်လိုက်သည့်အတွက် နှစ်ရက်ဆက်တိုက် ဈေးကွက်ပိတ်ထားလိုက်ရခြင်း ဖြစ်သည်။

သြဂုတ်လ ၅ ရက်နေ့က အိန္ဒိယက ထုတ်ပြန်ရာ၌ ပဲစင်းငုံကို တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းသာ တင်ပို့ရန်နှင့် သြဂုတ်လ ၂၁ ရက်နေ့တွင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို တစ်နှစ်လျှင် တန်ချိန်သုံးသိန်းသာ တင်ပို့ရန် ကန့်သတ်လိုက်ရာတွင် ကြိုတင် အကြောင်းကြားခြင်း၊ ထုတ်ပြန်ပေးခြင်းမျိုး မဟုတ်ဘဲ ရက်ပိုင်းအတွင်း ရုတ်တရက် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

S-04

  • VIA


FOLLOW US