News

POST TAGGED AS

ပဲ

12-Sep-2018 tagged as ပဲ အိန္ဒိယ
အိန္ဒိယကုန်သည်များက အထူးကုန်စည်ဝယ်ယူခွင့်ဖြင့် ပဲဆက်လက်ဝယ်ယူနေခြင်းကြောင့် ပဲဈေးနှုန်းများ ဆက်လက်မြင့်တက်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။
07-Sep-2018 tagged as မြန်မာ တရုတ် ပဲ
အိန္ဒိယဝယ်ယူမှုအပေါ် မှီခိုနေရသည့် မြန်မာ့မတ်ပဲကို တရုတ်နိုင်ငံက မန္တလေး ပဲဈေးကွက်မှတစ်ဆင့် ဝယ်ယူနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။
24-Aug-2018 tagged as ပဲ ပြည်ပ
ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့မှုအနေနှင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဩဂုတ်လလယ်အထိ ပဲမျိုးစုံတန်ချိန် ခြောက်သိန်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
27-Jul-2018 tagged as ပဲ ဆောင်းရာသီ
လာမည့်ဆောင်းရာသီ ပဲစိုက်ရာသီမှစ၍ မတ်ပဲနှင့် ပဲစင်းငုံအစား အခြားဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတင်းထုတ်ပြန်၍ တိုက်တွန်းလှုံ့ဆော်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။
မိတ္ထီလာဒေသထွက် ကုလားပဲကို ရန်ကုန်ဝယ်လက်များ အဝယ်လိုက်လာသဖြင့် ယခုသီတင်းတစ်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်ငါးထောင်ဝန်းကျင် ဈေးပြန်တက်လာကြောင်း ဒေသခံပွဲရုံများနှင့် ပဲကြိတ်ခွဲစက် လုပ်ငန်းရှင်များက ပြောဆိုသည်။
မန္တလေးကုန်စည်ဒိုင်၏ မတ်ပဲဈေးနှုန်းသည် ယမန်နှစ်ကနည်းတူ အနိမ့်ဆုံးဈေးသို့ ပြန်လည်ရောက်ရှိလာကြောင်း ယင်းကုန်စည်ဒိုင်သို့လာရောက်သော ပဲ၊ နှမ်းကုန်သည်များက ပြောကြားသည်။
06-Jun-2018 tagged as ဈေးကွက် ပဲ
မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ယင်းပဲများတစ်တန်လျှင် အနည်းဆုံး ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးတက်ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။
မြန်မာနှင့် နီပေါနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအပြင် ပြည်တွင်းထွက် ပဲမျိုးစုံနှင့် ဆန်များ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E.Mr.Bhim K Udas မေလ ၁၃ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံ လာရောက်ဆွေးနွေးခဲ့ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန်တစ်သိန်းခွဲစီ တင်ပို့ခွင့်ပြုထားရာမှ ပဲစင်းငုံတန်ချိန် နှစ်သိန်းအထိ ထပ်မံတင်ပို့ခွင့်ပြုလိုက်ပြီး ယင်းပဲများအားလုံးကို ယခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဩဂုတ် ၃၁ ရက်နေ့အထိ တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
06-May-2018 tagged as ရန်ကုန် ပဲ
ပြည်ပမှ ပဲဝယ်ယူမှုလျော့ကျခဲ့သောကြောင့် ပဲစင်းငုံကို သိုလှောင်ရုံများတွင် အပြည့်အလျှံသိုလှောင်ထားရသဖြင့် မိုးစပါးစိုက်ပျိုးပြီးချိန်တွင် ပဲစင်းငုံ (2019 Crop) များကို စီးပွားဖြစ်လုံးဝမစိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက အကြံပြုထုတ်ပြန်သည်။