News

POST TAGGED AS

ပဲ

19-Sep-2017 tagged as ပဲ
ပဲစင်းငုံ အစားထိုး အသုံးပြုရန် လုပ်ဆောင်ရာတွင် ပဲအသုံးပြုမှု များပြားသည့် ဌာနများဖြစ်သည့် တပ်မတော်၊ အကျဉ်းဦးစီးဌာနနှင့် ပဲကြာဆံစက်များတွင် လက်ရှိအသုံးပြုနေသော ပဲများအစား ပဲစင်းငုံဖြင့် အစားထိုး အသုံးပြုနိုင်ရေး တိုက်တွန်း ဆွေးနွေးသွားရန် လုပ်ဆောင်လျက်ရှိသည်။
18-Sep-2017 tagged as ပဲ
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက မတ်ပဲနှင့် ပဲစင်းငုံတို့ကို အခြေခံဈေးသတ်မှတ်၍ စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ဝယ်ယူနေသော်လည်း ပြင်ပ ဈေးကွက်ပေါက်ဈေးအောက် နိမ့်ကျနေခြင်းကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့အထိ လာရောက်ရောင်းချသူ တစ်ဦးမျှ မရှိသေးကြောင်း ယင်းအသင်းထံမှ သိရသည်။
11-Sep-2017 tagged as ပဲ တပ်မတော်
လက်ရှိဖြစ်ပေါ်နေသာ ပဲပြဿနာကို ဖြေရှင်းနိုင်ရန် တပ်မတော်၊ အကျဉ်းဦးစီးဌာနနှင့် ပဲကြာဆံစက်များတွင် လက်ရှိ အသုံးပြုနေသော ပဲများအစား ပဲစင်းငုံ အစားထိုး အသုံးပြုနိုင်ရေး တိုက်တွန်း ဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ပဲစင်းငုံနှင့် မတ်ပဲကို လက်ရှိဖြစ်ပေါ်နေသည့်ဈေးအောက် ထပ်မံ မကျဆင်းစေရန်အတွက် သတ်မှတ်ဈေးနှုန်း တစ်ခုထားရှိ၍ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းကာ ကျပ် ၁၀ဝ ဘီလီယံ အသုံးပြု၍ ပဲစင်းငုံနှင့် မတ်ပဲ တန်ချိန် သုံးသိန်း ဝယ်ယူမည်
01-Sep-2017 tagged as ပဲ
ကန့်သတ်ကုန်စည်အဖြစ် ကြေညာထားသော ပဲစင်းငုံကို အိန္ဒိယနိုင်ငံဘက်က သြဂုတ်လ ၅ ရက်နေ့ မတိုင်မီ ငွေချေပြီးထားသော ယင်းပဲများကို ပြန်လည်ဝယ်ယူမည် ဆိုခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။
လာမည့် ဆောင်းအကုန်ပိုင်း (ပြာသို၊ တပိုတွဲ)ထွက်မည့် ပဲစင်းငုံများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး သတ်မှတ်ဈေးနှုန်းတစ်ရပ်ဖြင့် ဝယ်ယူနိုင်ရန် ရန်ပုံငွေ ထူထောင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
28-Aug-2017 tagged as ပဲ
မြန်မာနိုင်ငံသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပဲဈေးကို တင်းတင်းမာမာ ဆုပ်ကိုင်ထားမှုကြောင့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ မရေးထိုးနိုင်ခဲ့ဘဲ ပဲတင်သွင်းခွင့်မူဝါဒ ပြောင်းလဲလိုက်သည့်အချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
27-Aug-2017 tagged as ပဲ အိန္ဒိယ
အိန္ဒိယနိုင်ငံတွင် ယခုနှစ် ပဲအထွက်နှုန်းမှာ ၄၀ ရာခိုင်နှုန်း တိုးလာပြီး ပဲဈေးများ ကျဆင်းကာ တောင်သူများ၏ ထိခိုက်မည့် အခြေအနေ ဖြစ်နေသောကြောင့် ပြည်ပမှ ပဲတင်သွင်းမှုကို ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri က ပြောကြားသည်။
23-Aug-2017 tagged as ပဲ မန္တလေး
မန္တလေးမြို့တော်ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) သို့ ယခုနှစ်အတွင်း ပဲကိစ္စဖြင့် ငွေကြေးလိမ်လည်မှု မရှိသေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးသက်တင်က ပြောကြားသည်။
23-Aug-2017 tagged as ပဲ
အိန္ဒိယဂယက်ကြောင့် ဘုရင့်နောင် ပဲဈေးကွက်သည် ဈေးနှုန်းဖွင့်နိုင်ခြင်း မရှိဘဲ ဒုတိယနေ့အဖြစ် ယနေ့ (သြဂုတ်လ ၂၃ ရက်)တွင် ထပ်မံပိတ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။