News

POST TAGGED AS

ပဲခူး

23-Mar-2017 tagged as ပဲခူး
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု ငါးဗျက်အင်းကျေးရွာ၌ မတ်လ ၂၂ ရက်နေ့ ည ၉ နာရီ ခွဲခန့်က အရက်သောက်ထားသည့် အမျိုးသားတစ်ဦး ပုခက်စီးရာမှ ပြုတ်ကျ၍ ပုခက်ကြိုး လည်ပင်းကို ချိတ်မိပြီး သေဆုံးသွားကြောင်း ကျောက်ကြီးမြို့မ ရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးသည် ယနေ့(မတ်လ ၂၂ ရက်) နံနက် ၇ နာရီခန့်က ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ မဟာသင်္ကြန်ပွဲတော် ဆုပေးမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်များတွင် ဖျော်ဖြေမည့် သံချပ်အဖွဲ့များကို ဆင်ဆာဖြတ်တောက် စိစစ်သွားရန် မရှိကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက ပြောကြားသည်။
20-Mar-2017 tagged as ပဲခူး
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ခလိန်ဒေသရှိ ရွှေတွင်းဟောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီးနောက် ယင်းလုပ်ကွက်ကို ပိတ်သိမ်းခဲ့ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောကြားသည်။
မြိတ်လေတပ်စခန်းမှ မှော်ဘီသို့ ပျံသန်းလာသည့် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်(MI 2)တစ်စီး စက်ချို့ယွင်း၍ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ညောင်ကားယားရွာအနီး လယ်ကွင်းအတွင်း ဆင်းသက်ခဲ့ကြောင်း
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျောက်မဆင် ၁ ဘိနယ်မြေ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က တရားမဝင် ကျွန်းသစ်ခွဲသား ၃ ဒသမ ၆၉ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
ပဲခူးတိုင်းတွင် ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၄၃၀၀ ကျော်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။
05-Mar-2017 tagged as ပဲခူး
ပဲခူးတိုင်းဒေသကြီး ဆွာမြို့အခြေစိုက် YGW မိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းတွင် လာမည့် ပညာသင်နှစ် ကျောင်းသားများ ထပ်တိုးလက်ခံမည်ဖြစ်ရာ တိုးချဲ့စာသင်ဆောင်များ လိုအပ်နေကြောင်း နာယက ဆရာတော် ဦးကောဝိဒက မိန့်ကြားသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းပြဒါးတောင်တွင် ဇန်နဝါရီလ ၁၄ ရက် နံနက် ၄ နာရီခန့်က ထင်းခုတ်ရန် လှည်းဖြင့် တောတက်လာသူ လေးဦးကို လက်နက်ကိုင်ဆောင်ထားသူများက ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
"လိုင်စင်မဲ့ဆိုင်ကယ်တွေ စီးနင်းမှုများနေတဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မှတ်ပုံတင်ခွင့်ပေးလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း နည်းသွားနိုင်တယ်။ ဒါကြောင့် ဒေသတွင်း လိုင်စင်မဲ့ဆိုင်ကယ်တွေကို တရားဝင်မှတ်ပုံတင်နံပါတ်ကို ပခနဲ့ ထုတ်ပေးသွားမယ်"