News

POST TAGGED AS

ပဲခူး

07-May-2018 tagged as ပဲခူး မြေ
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘိုင်းဒါးကျေးရွာအုပ်စု ဆင်စခန်းကျေးရွာရှိ လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲရယူခွင့်မရှိဘဲ စက်ယန္တရားကြီးများဖြင့် တူးဖော်ရောင်းချနေသူများကို မေလ ၅ ရက်နေ့က ယင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံတိုင်ကြားခဲ့ကြောင်း တိုင်ကြားသူ ဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် မင်းလမ်းကျေးရွာနေ အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူ နောက်ယောကျာ်းယူသွားသဖြင့် ဧပြီ ၂၂ ရက်နေ့နံနက်ပိုင်းက ၎င်း၏နေအိမ်တွင် ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း ကျွန်းကုန်းနယ်မြေရဲစခန်းထံမှ သိရသည်။
07-Apr-2018 tagged as ပဲခူး လူသေမှု
ပဲခူးမြို့နယ်​အတွင်း ဧပြီ ၆ ရက်​က ထိုးသွင်းဒဏ်ရာများဖြင့် အသတ်ခံရထားသည့် မျိုးသမီးအလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း ပဲခူးမြို့နယ်​ရဲတပ်​ဖွဲ့မှုးရုံးထံမှ သိရှိရသည်။
တောင်ငူလေတပ်စခန်းဌာနချုပ်ပိုင် တပ်မတော်လေ့ကျင့်ရေး လေယာဉ်တစ်စီး ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က လေတပ်စခန်းအနောက်ဘက် ချင်းကုန်းရွာအနီး လယ်ကွင်းထဲသို့ပျက်ခဲ့ရာ လေယာဉ်မှူးသည် ဆေးကုသမှုခံယူစဉ် နာရီဝက်ခန့်အကြာ သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ပဲခူးမြို့လမ်းမကြီးများတွင် မောင်းနှင်နေသည့် တရားဝင်မှတ်ပုံတင်မပါသည့် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ဧပြီလဆန်းတွင် စတင်ဖမ်းဆီး၊ အရေးယူမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီထံမှ သိရှိရသည်။
09-Mar-2018 tagged as ပဲခူး MPT ခိုးမှု
ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ခြေထောက်မြို့ ညောင်လွင့်ကျေးရွာ ရန်ကုန် - မန္တလေးလမ်းဟောင်းအနီးတွင် စိုက်ထူထားသည့် MPT ဖုန်းဆက်သွယ်ရေးတာဝါတိုင်ကို လျှပ်စစ်ဓာတ်အားပေးသည့် သိန်း ၁၈၀ ကျော်တန်ဖိုးရှိသည့် ဘက်ထရီအိုး ၅၀ နီးပါး မတ်လ ၇ ရက် နေ့ညပိုင်းက ခိုးယူခံခဲ့ရကြောင်း ညောင်ခြေထောက်နယ်မြေရဲစခန်းထံမှ သိရသည်။
တောင်​ငူဘုရင်​ ဘုရင့်​နောင် တည်​​ထောင်​ခဲ့သည့် ပဲခူးမြို့ ဟံသာဝတီမြို့ရိုး​ဟောင်း၊ ကျုံး​ဟောင်းများနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကျပ်သိန်း ၄၇၀၀ ကျော်အထိ သုံးစွဲ၍ ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းရန် လျာထားကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ပဲခူတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲခန့်က နေအိမ်လိုင်းခန်းသို့ တစ်ဦးတည်း ဆိုင်ကယ်မောင်းနင်ပြီးပြန်လာစဉ် လမ်းဘေးအုတ်ခဲပုံကို တိုက်မိတိမ်းမှောက်ရာမှ သေဆုံးခဲ့သည်ဟု ပဲခူး အမှတ် ၃ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
နှစ်သက်တမ်း ၅၀၀ ကျော်ရှိသော တောင်ငူခေတ် ကေတုမတီနန်းတော်ရာဟောင်း၏ အပြင်ဘက်ရှိ ကျုံးဟောင်း ၉ ခုကို ပဲခူးတိုင်းအစိုးရဘတ်ဂျက် ကျပ် ၅ ဘီလီယံအသုံးပြု၍ ပြန်လည်ပြုပြင် ထိန်းသိမ်းမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။
ပဲခူးတိုင်း ၂၈ မြို့နယ်တွင် လိုအပ်နေသော လျှပ်စစ်အိမ်သုံးမီတာများကို ဧပြီလမှစတင်ကာ ပြန်လည် ချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။