News

POST TAGGED AS

ပဲခူးတိုင်း

ပဲခူးတိုင်းရှိ ရေဘေးစခန်းများ စတင်ပိတ်သိမ်း
တောင်ငူ၊ ဩဂုတ် ၎

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ မဒေါက်၊ ရွှေကျင်နှင့် ညောင်လေးပင်မြို့များရှိ ရေဘေးကယ်ဆယ်ရေး စခန်းများကို ဩဂုတ် ၃ ရက်နေ့မှစတင်ပိတ်သိမ်းလိုက် ပြီဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးက ပြောကြားသည်။

ယင်းမြို့နယ်များ၌ ရေပြန်လည် ကျဆင်းနေသည်မှာ ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်၍ ယင်းရေဘေးစခန်းများမှ ပြည်သူများကို အိမ်များသို့ ပြန်ခွင့်ပေးလိုက်သည့်အတွက် ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ညောင်လေးပင်အရှေ့ခြမ်းက ကယ်ဆယ်ရေးစခန်းတွေ အကုန်ပိတ်သိမ်းလိုက်ပါပြီ။ အိမ်ထောင်စုတစ်စုတိုင်း တိုင်းဒေသကြီးအစိုးရက ထောက်ပံ့တဲ့ ဆန်နဲ့ဆီတွေ မုန့်ခြောက်တွေ ထောက်ပံ့လိုက်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ပဲခူးတိုင်း အရှေ့ခြမ်း မြို့နယ်များအတွင်း ဇူလိုင်လနောက်ဆုံးပတ်ခန့်မှစတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အိမ်ထောင်စု ၁၄,ဝ၀၀ ကျော်နှင့် လူဦးရေ ၇၀,ဝ၀၀ နီးပါးကို ကယ်ဆယ်ရေးစခန်း ၁၅၀ ကျော်ဖွင့်လှစ်ပြီး ကူညီထောက်ပံ့ခဲ့ရသည်။

“ရွှေကျင်မှာတော်တော်များများ ရုပ်သိမ်းလိုက်ပေမယ့် ဒီနေ့ထိ စခန်းငါးခု လောက်ကျန်သေးတယ်။ တချို့မြို့နယ်တွေတော့ ရုပ်သိမ်းပြီလို့ကြားတယ်”ဟု ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောဆိုသည်။

R-15



FOLLOW US