News

POST TAGGED AS

ပဲခူးတိုင်း

တောင်ငူ၌ စတုတ္ထမြောက် စစ်တောင်းမြစ်ကူးတံတားဆောက်
တောင်ငူ၊ ဇွန် ၂၄

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း လေးခုမြောက် စစ်တောင်းမြစ်ကူးတံတားကို ကျောက်ကြီးမြို့နယ် မုန်းဒေသနှင့် ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာအနီး ဇွန်လ တတိယအပတ်မှစတင်ပြီး ဆောက်လုပ်နေကြောင်း ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်က ပြောကြားသည်။

“လမ်းအူကြောင်းရှာဖွေတာတွေ ဘာတွေပြီးစီးနေတာကြာပြီ။ အခုရက်ပိုင်း ဆောက်လုပ်ရေးဦးစီးဌာက တံတားတည် ဆောက်ရေးအဖွဲ့တွေ ရောက်ရှိနေပါပြီ”ဟု ၎င်းက ပြောကြားသည်။

ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာ အနောက်ဘက်ကမ်းနှင့် ကျောက်ကြီးမြို့နယ် မုန်းဒေသကို ဆက်သွယ်ပေးမည့် အဆိုပါ စစ်တောင်းမြစ်ကူးတံတားကို ချဉ်းကပ်လမ်းအပါအဝင် အရှည်ပေ ၇၄၀၊ ကားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်းအကျယ် ၂ ပေဖြင့် သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှစတင်၍ တံတားတည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါတံတားတည်ဆောက်ရေး စီမံကိန်းတန်ဖိုးသည် ကျပ်သန်း ၄၈၅၀ ခန့်ဖြစ်ပြီး လတ်တလော ရန်ပုံငွေကျပ်သန်း ၅၅၀ ဖြင့် စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

R-15




FOLLOW US