News

POST TAGGED AS

ပဲခူးတိုင်း

18-Jun-2018

ပဲခူးတိုင်း
လက်ဆွဲသည်ဟုဆိုပြီး ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတို့ကို အမျိုးသမီးတစ်ဦးက အမှုဖွင့်
တောင်ငူ၊ ဇွန် ၁၇

ပဲခူးတိုင်း ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ရေပြာကျေးရွာနေ အမျိုးသမီးတစ်ဦးက ကျေးရွာရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖတို့ကို ဇွန်လ ၁၆ ရက်နေ့က ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။

ကျေးရွာရာအိမ်မှူး ဦးထွေးကြည် (၅၀ နှစ်)၊ ဆယ်အိမ်မှူး ဦးဝင်းမြင့် (၅၀ နှစ်)၊ ဦးကျော်မြင့် (၅၀ နှစ်) နှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့သည် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်က ဒေါ်မိုးမိုး (၄၂ နှစ်) အိမ်သို့ သွားရောက်ပြီး ၎င်း၏ အစ်ကိုတော်စပ်သူ (ကညွှတ်ကွင်းနယ်မြေရဲခန်းမှ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခံထားရသူ) ကို သွားရောက်ဖမ်းဆီးရာ ရာအိမ်မှူး ဦးထွေးကြည်က ၎င်း၏ လက်ကိုဆွဲကိုင်ကာ ထွက်မပြေးရန် ပြောဆိုခဲ့ပြီးနောက် မတောင်းပန်သဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း ဒေါ်မိုးမိုး၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဦးထွေးကြည်အပါအဝင် သုံးဦးကို ကညွတ်ကွင်း နယ်မြေရဲစခန်းက (ပ)၁၁၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၅၄/၃၃၇ တို့ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှသိရသည်။

R-15



FOLLOW US