News

POST TAGGED AS

ပဲခူးတိုင်း

ရွှေကျင် NLD ရုံးရှေ့ သတင်းစာအယ်ဒီတာတစ်ဦး ဆန္ဒပြ


တောင်ငူ၊ မေ ၂၀

ပဲခူးတိုင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းသည် သတင်းရယူခွင့် ပိတ်ပင်တားဆီးသည်ဟုဆိုကာ ဒေသတွင်း သတင်းမီဒီယာသမားတစ်ဦးက ရွှေကျင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးရှေ့တွင် မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဆန္ဒဖော်ထုတ်ခဲ့သည်။

“ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းအရာက ပြည်သူတွေရဲ့သိပိုင်ခွင့်အတွက် သတင်းရယူရာမှ တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက်ပါ။ မသိရင်မသိဘူးလို့ ဖြေတာမဟုတ်ဘဲ ပိတ်ပင်တားဆီးတာကို လက်မခံဘူး”ဟု ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောက်ကြီးမြို့နယ်နေ The Bago Weekly အယ်ဒီတာ ဦးရန်နိုင်အောင်က ပြောဆိုသည်။

သတင်းမီဒီယာသမားတစ်ဦးသည် အများပြည်သူသိရှိလိုသည့် အကြောင်းအရာများကို စုံစမ်းဖော်ထုတ်ရေးသားရမည်ဖြစ်ပြီး သိရှိလိုသည့် အကြောင်းအရာများကို ပြောရေးဆိုခွင့်ရှိသူ၊ အုပ်ချုပ်ရေးအာဏာပိုင်များသာမက မေးမြန်းရန် လိုအပ်သူများကို မေးမြန်းစုံစမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆန္ဒဖော်ထုတ်ခွင့်ရဖို့ ဒေါ်လေးတို့က တိုက်ခဲ့တာပါ၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရှိပါတယ်”ဟု ဆန္ဒပြခံရသူ ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။

R-15




FOLLOW US