POST TAGGED AS

ပဲခူးတိုင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ကုန်တင်ယာဉ်မှောက်ပြီး မီးလောင်


တောင်ငူ၊ မေ ၁၃

ပဲခူးတိုင်း ဘုရားကြီးမြို့ ဘုရားလေးကျေးရွာ တရုတ်တန်းရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မေလ ၁၂ ရက်နေ့ ညနေပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ခဲ့ကြောင်း ဘုရားကြီး နယ်မြေ မီးသတ်စခန်းထံမှ သိရသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပဲခူးဘက်မှ တောင်ငူဘက်သို့ ဦးသက်ကိုကို (၂၁ နှစ်) မောင်းနှင်သည့် ၂၂ ဘီးတွဲ ကုန်တင်ယာဉ်သည် မိုင်တိုင် ၆၂ အနီးသို့အရောက် အရှိန်လွန်ကာလမ်း ဘေးထိုးကျတိမ်းမှောက် မီးလောင်ခဲ့ပြီး မီးလောင်ရာနေရာသို့ ဘုရားကြီးမြို့မီးသတ်တပ်ဖွဲ့မှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်၂၁ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း အဆိုပါမီးသတ်စခန်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက် မီးလောင်မှုနှင့်ပတ်သက်ပြီး သက်ကိုကို,ကို ဘုရားကြီး နယ်မြေရဲစခန်းက ယာဉ် (ပ) ၄၀/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ဘ ၃၃၇/၂၈၅ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15




FOLLOW US