News

POST TAGGED AS

ပဲခူးတိုင်း

ဇနီးနှင့်စကားများ၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး
တောင်ငူ၊ ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ ၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဧပြီ ၂၄ ရက် နံနက်ပိုင်းက ဇနီးနှင့်စကားများပြီးနောက် စိတ်ညစ်သည်ဟုဆိုကာ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဇေယျဝတီနယ်မြေ ရဲစခန်းထံမှသိရသည်။

သေဆုံးသူမှာ ဦးပရင်ဒါ (၄၆ နှစ်) ဆိုသူသည် လွန်ခဲ့သည့် ၂ ရက်ခန့်က ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ပြီး အခင်းဖြစ်သည့်နေ့ နံနက်ပိုင်းက ၎င်း နေအိမ်ခြံဝင်းအတွင်း အော်ဟစ်နေသဖြင့် ယင်းခြံအတွင်း နေထိုင်သည့် ညီဖြစ်သူက မေးမြန်းရာမှ စိတ်ညစ်သဖြင့် မတ်ပဲပိုးသတ်ဆေး ၄ ပြား သောက်ခဲ့ကြောင်း သိရှိရသဖြင့် ဖြူးဆေးရုံသို့ ပို့ဆောင်ကုသပေးနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အမှုနှင့် ပတ်သက်ပြီး ဇေယျဝတီ နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ် ၈/၂၀၁၈ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US