News

POST TAGGED AS

ပဲခူးတိုင်း

လူ ၄၀ ကျော် အစာအဆိပ်သင့်ခဲ့သည့် အစားအသောက်များကို ရန်ကုန်ဓာတ်ခွဲခန်းတွင် စစ်မည်
တောင်ငူ၊ ဧပြီ ၂၃

ပဲခူတိုင်း အင်းတကော်မြို့ ပျဉ်းမငူကျေးရွာတွင် ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာဆောင်မှ ကျွေးမွေးသည့် အစားအသောက်များကို စားရာမှ လူ ၄၀ ကျော် အစာအဆိပ်သင့်ခဲ့သည့် ထမင်းဟင်းနမူနာများကို ရန်ကုန်မြို့ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း ပဲခူးဆေးရုံအုပ် ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။

“အစာအဆိပ်သင့်တဲ့ လက္ခဏာလို့ ယူဆရတယ်။ ဗိုက်တွေအောင့်တယ်။ ဗိုက်နာတယ်။ တချို့က ဝမ်းတွေသွားတယ်။ လတ်တလောမှာ အစားအသောက်နမူနာတွေ ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းကို ပို့မယ်”ဟု ၎င်းက ပြောဆိုသည်။

မင်္ဂလာဆောင်မှ ကျွေးမွေးသည့် ဝက်သား၊ သရက်ချဉ်သုပ်၊ ကြက်သား၊ ဂေါ်ဖီ၊ ဘဲဥများကို စားသောက်မိရာမှ အမျိုးသား အမျိုးသမီးနှင့် ကလေးငယ်များ အဆိပ်သင့်၍ ဧပြီ ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်မှစ၍ ပျဉ်းမငူကျေးရွာဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ အစာအဆိပ်သင့်လူနာ ၂၀ ခန့်လာရောက် ပို့ဆောင်ပေးခဲ့သည့်အတွက် ကုသပေးနေဆဲဖြစ်ပြီး ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းအထိ အစာအဆိပ်သင့်လူနာများ ကျန်ရှိနေသေးကြောင်း ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

R-15



FOLLOW US