News

POST TAGGED AS

ပဲခူးတိုင်း

ဖြူးတွင် ဆိုင်ကယ်မောင်းနှင်နေသူ အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန်သေဆုံး
တောင်ငူ၊ ဧပြီ ၎

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စု ကျေးရွာချင်းဆက် လမ်းမပေါ်တွင် ဧပြီ ၃ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးသည် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း ညောင်ပင်သာနယ်မြေ ရဲစခန်းထံမှ သိရသည်။

သေဆုံးသူမှာ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ဂုံမင်းကွင်းကျေးရွာနေ ဒေါ်ခိုင်ဇာလင်း (၃၈ နှစ်) ဖြစ်ပြီး ညောင်ပင်သာ-ဂုံမင်းကွင်းလမ်းအတိုင်း ညောင်ပင်သာဘက်မှ ပြန်လာစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။ 

“သေဆုံးသူက ညောင်ပင်သာကို တစ်ယောက်တည်း ဈေးသွားဝယ်ပြီး အပြန်မှာ မိုးကြိုးပစ်ချခံရတာပါ။ အလောင်း ကျောကုန်းမှာလည်း အရေပြားတွေလန်ပြီး မိုးကြိုးထိထားတဲ့ ပုံသဏ္ဌာန်တွေ စစ်ဆေးတွေ့ရှိရတယ်”ဟု ညောင်ပင်သာနယ်မြေ ရဲစခန်း စခန်းမှူးရဲအုပ်တင်စိုးက ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး ညောင်ပင်သာ နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။ 

R-15



FOLLOW US